မြန်မာနိုင်ငံတွင် ရောင်းချမည့် BMW ကားများကိုကီလို အကန့်အသတ်မရှိ သုံးနှစ်အာမခံဖြင့် ရောင်းချပေး သွားမည်
မြန်မာ နိုင်ငံတွင်ရောင်းချမည့် BMW ကား များကို ကီလိုအကန့်အသတ်မရှိ သုံး နှစ်အာမခံဖြင့် ရောင်းချ ပေး သွားမည် ဖြစ်ကြောင်း Prestige Automobiles ကုမ္ပဏီမှ သိရသည်။
အဆိုပါ BMW ကားများကို အချိန်ကာလအလိုက် ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းများကို သုံးနှစ်အ တွင်း အခမဲ့ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်က ပြည်လမ်းနှင့် နာနတ်တောလမ်း ထောင့်တွင် ပြုလုပ်သည့် BMW အ ရောင်းနှင့် အဆင့်မြင့်ဝန်ဆောင်မှု အရောင်းပြခန်း ဖွင့်ပွဲအခမ်းအနား တွင် Prestige Automobiles ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးချမ်းမြက ပြောသည်။
လက်ရှိပြည်တွင်းသို့ တင်သွင်း လာသည့် BMW ကားများသည် ဥရောပဒေသ အတွက် ထုတ်လုပ်ထား သည့် ကားအမျိုးအစားနှင့်မတူညီ ဘဲ မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီအောင် ပြုပြင်ထုတ်လုပ်ထားပြီး ကားဆေးသုတ်ခြင်းနှင့် ကိုယ်ထည်ထိ ခိုက်မှုများအတွက်လည်း ဂျာမနီ နိုင်ငံမှ စက်ပစ္စည်းကိရိယာများ၊ အပို ပစ္စည်းများဖြင့် ဝန်ဆောင်မှုပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဦးချမ်းမြက ''ပြည်တွင်းဘဏ် တွေနဲ့ ချိတ်ဆက်ပြီး နှစ်နှစ်ကနေ ငါးနှစ် အရစ်ကျစနစ်နဲ့ဝယ်ယူနိုင် အောင် စီစဉ်နေပါတယ်'' ဟု ဆိုသည်။
လက်ရှိ ပြည်တွင်း၌ BMW X4 အမျိုးအစားများ အပါအဝင် BMW အမျိုးမျိုးကို မိုဒယ်အမျိုး အစား၊ ပါဝင်ပစ္စည်းများပေါ် မူတည်ကာ အမေရိကန် ဒေါ်လာ ခုနစ်သောင်းမှ အမေရိကန်ဒေါ်လာ ငါး သိန်းခွဲ တန်ဖိုးရှိ မော်တော်ကားများ ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
BMW Asia ၏ Director of Sales Channel Development and Customer Relations Mr. Ramesh Divyanathan က '' BMW ရဲ့ ထုတ်ကုန်တွေကို ကမ္ဘာ့နိုင်ငံအသီး သီးက ဝယ်ယူသူတွေဆီကို တိုးချဲ့ ဖြန့်ချိနိုင်ဖို့အတွက် အမြဲတမ်းရှာ ဖွေနေပါတယ်။ အခုမြန်မာနိုင်ငံမှာ Prestige Automobiles နဲ့ ပူးပေါင်း ပြီး ဒီကဝယ်ယူသူတွေ စောင့်စားနေ တဲ့ BMW မော်တော်ကားများကို တင်သွင်းတော့မှာပါ'' ဟု ဆိုသည်။
No comments:
Post a Comment