Monday, November 17, 2014

ဂြိုဟ်တု ဆက်သွယ်ရေး နည်းပညာဆိုင်ရာ အသုံးချမှု စနစ်နှင့် မိုဘိုင်းလ် ဝန်ဆောင်မှု နည်းပညာ များ ဆိုင်ရာ ပြပွဲကြီး ပြုလုပ်မည်

မြန်မာနိုင်ငံ၏ နည်းပညာပြပွဲများ အနက် ပထမဦးဆုံး အနေဖြင့် ပါဝင်မည့် ဂြိုဟ်တု နည်းပညာ ဆိုင်ရာ အသုံးချမှု စနစ်များကို ရှင်းလင်း ပြသပြီး မိုဘိုင်းလ် ဝန်ဆောင်မှု ဆိုင်ရာ အကြောင်းအရာများနှင့် ဆက်သွယ် ရေး နည်းပညာများကို ပြသမည့် Communicast 2014 Myanmar ပြပွဲကြီးကို ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park (MEP) ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂ဝ ရက် အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာပေါ်ရှိ မိုဘိုင်းလ်လုပ်ငန်းများ ဂြိုဟ်တုနှင့် ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ များ၏ ထူးခြားသော ပံ့ပိုးမှု အဖြစ် နိုင်ငံတကာရှိ ကုမ္ပဏီပေါင်း ၉ဝ ကျော် ပါဝင် ပြသသွားမည် ဖြစ်သည်။ အဆိုပါ ပြပွဲသည် ရန်ကုန်မြို့၌ ကျင်းပမည့် ပထမဆုံး ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းပြပွဲဖြစ်ကာ နောင်လာမည့် သုံးနှစ်ခန့် တွင် ပြည်တွင်း၌ ဆက်သွယ်ရေး နည်းပညာနှင့် ပတ်သက်၍ ၈ဝ ရာခိုင်နှုန်း ထိုးဖောက်နိုင်မည့် ထူးခြားသော ဈေးကွက် အခွင့်အလမ်းများကိုလည်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
''မြန်မာ့ မိုဘိုင်းလ် ကွန်ရက်သစ်များ ထုတ်လုပ်ဖို့နဲ့ နိုင်ငံရဲ့ ICT လုပ်ငန်းမှာ နောက်ထပ်တစ်ဆင့် တိုးတက် လာစေဖို့ အတွက် ပြပွဲ လုပ်ဆောင်မှုက သိပ်ကောင်း ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဂြိုဟ်တုနဲ့ ဆက်သွယ် ရေးကဏ္ဍရဲ့ လိုအပ်ချက်တွေ မြင့်တက်လာစေဖို့ လျင်မြန်စွာ တိုးတက်လာမှုတွေကို အမှန်တကယ် မြင်တွေ့နိုင်ဖို့ ဒါက ပထမဆုံး အခွင့်အရေးပဲ ဖြစ်ပါတယ်။ ကုမ္ပဏီတွေ အများကြီး ပါဝင်မှုနဲ့ အတူ ပြပွဲမှာ ပါဝင်မယ့် စိတ်လှုပ်ရှားဖွယ် အစီအစဉ်များကြောင့်လည်း ဝမ်းမြောက်မိပါတယ်'' ဟု Overseas Exhibitions Services Ltd. ၏ ပြပွဲ ဒါရိုက်တာ Rupert Owen က ပြောကြားခဲ့သည်။ ယခုလအတွင်း MEP ၌ပြုလုပ်မည့် Communicast 2014 Myanmar ပြပွဲ၏ အသေးစိတ် အကြောင်းအရာ များကိုwww. communicastmyanmar.comတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ICT နည်းပညာနှင့် ပတ်သက်သည့် ဟောပြော ဆွေးနွေးပွဲများနှင့် ပြခန်းများ အပါအဝင် ဂြိုဟ်တုစနစ်သုံး နည်းပညာများကိုပါ ထည့်သွင်းပြသ သွားမည် ဖြစ်သည်။ အဆိုပါ ပြပွဲသို့ လာရောက်သူများ အနေဖြင့် မိမိတို့၏ လုပ်ငန်းများကို တိုးတက် လာသော နည်းပညာများနှင့် ဆက်စပ် အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် စိတ်ပါဝင်စားသူများ မည်သူမဆို တက်ရောက် နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

back to top