MULTI-TASKING ကောင်းကောင်း ပြုလုပ်နိုင်သည့် LENOVO G400
ဈေးနှုန်း အသင့်အတင့်ဖြင့် ရုံးသုံး၊ အိမ်သုံး Laptop ကောင်းကောင်း အသုံးပြုလိုသူများ အတွက် Lenovo အမှတ်တံဆိပ် G400 Celeron 1005m Notebook ဟာ ဝယ်ယူ အသုံးပြုဖို့ သင့်တော်တဲ့ အမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။ Intel Celeron Dual-Core 1005m Ivy Bridge 1.90 GHz ကောင်းကောင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Intel HD Graphic နှင့် Memory 2GB DDR3 ထည့်သွင်း အသုံးပြုထားပြီး မျက်နှာပြင် အရွယ်အစား ၁၄ လက်မရှိကာ အချက်အလက်များ သိုလှောင် သိမ်းဆည်းရန် 500 GB Hard Disk တပ်ဆင် ပေးထားပါတယ်။ 0.3 Webcam ပါဝင်ပြီး DVD Super-Multi ၊ Wifi802.11 a/b/g ၊ USB 2.0/3.0 ၊ HDMI Port ၊VGA port စတာတွေလည်း ပါဝင်ပါတယ်။ Lenovo Laptopတွေမှာ ပါဝင်တဲ့ One Key Rescue System ကိုလည်း အသုံးပြုထားပြီး တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၄၉ ဒေါ်လာ ဖြစ်ပါတယ်။

No comments:
Post a Comment