ကမ္ဘာ့တတိယ အကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီဖြစ်လာသည့် Xiaomi
တရုတ်စမတ်ဖုန်း ကုမ္ပဏီ
Xiaomi သည် ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ကုန်ဆုံးမည့် သုံးလပတ် ကာလတွင် စမတ်ဖုန်း ၁၇.၃
သန်း တင်ပို့ရောင်းချ ခဲ့ပြီးနောက် Apple နှင့် Samsung တို့၏နောက် တတိယအကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီအဖြစ်
ရပ်တည်နိုင်ခဲ့သည်။
IDC မှ ဖော်ပြချက်အရ
Xiaomi ၏ စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ လကထက် ၂၁၁ ရာခိုင်နှုန်း
မြင့်တက်လာခဲ့ကြောင်း သိရသည်။ Xiaomi ၏ သုံးလပတ် စမတ်ဖုန်းတင်ပို့ ရောင်းချမှု မြင့်တက်ခြင်းသည် သြဂုတ်လက စတင်ရောင်းချခဲ့သော ကုမ္ပဏီ၏ နောက်ဆုံးပေါ်
စမတ်ဖုန်းဖြစ်သည့် Mi4 ကြောင့်ဖြစ်ကြောင်း IDC မှဆိုခဲ့သည်။
Xiaomi ၏အောင်မြင်မှုသည်
Apple ရောင်းအားကို မထိခိုက်ခဲ့သော်လည်း ကိုရီးယား စမတ်ဖုန်း ကုမ္ပဏီ ဖြစ်သည့်
Samsung ကိုမူ အခက်တွေ့ စေခဲ့သည်။ Samsung ၏ကမ္ဘာ တစ်ဝန်း စမတ်ဖုန်း တင်ပို့ ရောင်းချမှုသည်
ယခုနှစ် တတိယ သုံးလပတ်တွင် ၇၈ သန်း ရှိသော်လည်း ပြီးခဲ့သည့်နှစ် တတိယ သုံးလပတ်ထက် ၈
ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း IDC မှ ဖော်ပြခဲ့သည်။
.jpg)
No comments:
Post a Comment