Monday, November 10, 2014

ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားတစ်ဦး ဖြစ်လာစေရန် ရော်နယ်ဒိုက တွန်းအားပေးဟု ဂါးရက်သ်ဘေးလ် ပြောကြား



မိမိအား ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တစ်ဦး ဖြစ်လာစေရန် အတွက် ရီးယဲလ် အသင်းဖော် တစ်ဦးဖြစ်သူ ရော်နယ်ဒိုက တွန်းအားပေးခဲ့ကြောင်း  အဆိုပါ အသင်းမှ တောင်ပံကစားသမား ဂါးရက်သ်ဘေးလ် က ပြောကြားလိုက်ကြောင်း သိရသည်။ သက် ၂၅ နှစ်အရွယ်ရှိ ဘေးလ်သည် ရီးယဲလ်အသင်းသို့ ၂ဝ၁၃ ခုနှစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၈၅ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့လာသူ ဖြစ်ပြီး ယင်းအသင်း၌ ကစားနေစဉ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တစ်ဦးဖြစ်သူ ရော်နယ်ဒို၏ ခြေစွမ်းသို့ အမီလိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ရော်နယ်ဒိုသည် ယခုရာသီ အတွင်းမှာပင် အသင်းအတွက် ၁၆ ပွဲ ကစားထားရာ၌ ၂၂ ဂိုး သွင်းယူထားပြီး ၎င်း၏ခြေစွမ်းသည် အံ့မခန်း ဖြစ်ကြောင်းနှင့် မိမိ အနေဖြင့် တစ်နေ့နေ့တွင်  ၎င်း၏ခြေစွမ်းကို  အမီလိုက်နိုင်ရန် မျှော်လင့်လျက် ရှိကြောင်း အဆိုပါ ဝေးလ်ကစားသမားက ထပ်လောင်း ပြောကြားခဲ့ သည်။ ဘေးလ်သည် အသင်းဖော် ရော်နယ်ဒိုနှင့် အတူ ၂ဝ၁၄ ခုနှစ်၏ Ballon d'Or ဆု အတွက်  လျာထားခြင်း ခံထားရကြောင်း သိရသည်။

No comments:

Post a Comment

back to top