Monday, November 17, 2014

ဂျပန်နှင့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ လာမည့်အပတ်တွေ့ဆုံမည်


ဂျပန်နဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေမှ ကာကွယ်ရေးဝန်ကြီးတွေဟာ ဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ် ကိစ္စတွေကို ကာကွယ်သွားရန် ဘက်ပေါင်းစုံ ပါဝင်သည့် စည်းမျဉ်းများကို နောက်တစ်ပတ်ထဲမှာ အခိုင်အမာ ချမှတ်သွားဖွယ် ရှိနေကြောင်းနှင့် ဂျပန်နှင့်အာဆီယံ အဖွဲ့ကြီးတို့ဟာ ပထမဆုံး ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံပွဲ အတွက် စီစဉ်နေကြခြင်းဖြစ်သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး Akinori Eto (အာကီနိုရီအီတို)ဟာ မြန်မာနိုင်ငံကို လာရောက်ချိန်မှာ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေနဲ့အတူ ဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်သွားရန် အစီအစဉ်ရေးဆွဲခဲ့ပြီး ဒီတစ်ပတ် အစောပိုင်းက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အာဆီယံခေါင်းဆောင်များသည် တောင်တရုတ်ပင်လယ် ကျွန်းတွေနှင့် ပတ်သက်ပြီး ပိုင်နက်အငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းရေး အမြင်များ ဖလှယ်ခဲ့ကြပါသည်။
လာမည့် ဆွေးနွေးပွဲတွေအတွင်း ဆက်သွယ်ရေး ကိရိယာပစ္စည်းတွေနဲ့ သံချပ်ကာ မော်တော်ယာဉ်တွေ ဖလှယ်ရေး ဆွေးနွေးသွားမည်ဟုလည်း ယူဆရကြောင်း ကာကွယ်ရေးပစ္စည်းနဲ့ နည်းပညာဖလှယ်ရေး ဥပဒေသ (၃)ရပ် လမ်းညွှန်ချက်လို့ ခေါ်တဲ့ လက်နက် တင်ပို့မှု ဥပဒေတွေကို ဂျပန် နိုင်ငံက သဘောတူလက်ခံခဲ့ကြောင်း NHKသတင်းမှာ ပါရှိသည်။

No comments:

Post a Comment

back to top