Friday, November 7, 2014

အသင်းမှ ထွက်ခွာရန် ဆန္ဒမရှိဟု ရီးယဲလ် တိုက်စစ်မှူး ရော်နယ်ဒို ပြောကြား



ရီးယဲလ်အသင်းမှ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုသည် ၎င်း၏ စာချုပ်သက်တမ်း မကုန်ဆုံးမီ  အသင်းမှ ထွက်ခွာရန် ဆန္ဒမရှိကြောင်း နိုဝင်ဘာ ၅ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်အဆိုပါ ပေါ်တူဂီ ဘောလုံး အကျော်အမော်သည် ရီးယဲလ်အသင်းနှင့် ၂ဝ၁၈ ခုနှစ် ဇွန်လထိတိုင် သက်တမ်းရှိသည့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားခြင်း ဖြစ်သည်။
ရီးယဲလ်အသင်း၌   ကစားရခြင်းကို အလွန်နှစ်သက်ပြီး ၎င်းအသင်းသည် မိမိ၏ ဘဝဖြစ်သောကြောင့် အဆိုပါအသင်းမှ တစ်ပါး အခြားမည်သည့် အ သင်းတွင်မျှကစားရန် ဆန္ဒမရှိကြောင်း ရော်နယ်ဒိုက ပြောကြားခဲ့သည်။
ရော်နယ်ဒိုသည် လွန်ခဲ့သော ရာသီက ဂိုးအရေအတွက် အများဆုံး သွင်းယူပြီး ဂိုးသွင်းယူမှု ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်ကာ "Golden Boot" ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိခဲ့သူ တစ်ဦး ဖြစ်သည်။






No comments:

Post a Comment

back to top