ANDROID ဖုန်းများ အတွက် KNOCK CODE နည်းပညာ
Knock Code နည်းပညာသည် မိမိ၏ မိုဘိုင်းလ်ဖုန်းကို အခြားသူများ အလွယ်တကူ ဝင်ရောက် အသုံးမပြု နိုင်ရန် ဖန်တီးပေးထားသော နည်းပညာတစ်ခု ဖြစ်ကြောင်း သိရသည်။ Knock Code ကို LGG2 တွင် စတင်ပြီး နောက်ပိုင်း LG ဖုန်းများတွင် ထည့်သွင်း ပေးခဲ့သည်။ Knock Code သည် မိမိ မသိဘဲ တစ်စုံ တစ်ယောက်က မိုဘိုင်းလ်ဖုန်းကို ဝင်ရောက် အသုံးပြုခြင်းမှ ကာကွယ်ရန် ထည့်သွင်း ပေးထားသော Pattern Lock၊ Passcode အစရှိသည်တို့ ကဲ့သို့ မမြင်တွေ့ရဘဲ ပေးထားသော အကွက် လေးကွက် နေရာတွင် ကိုယ်ပိုင် သင်္ကေတ အမှတ်အသား ထည့်သွင်း အသုံးပြုရခြင်း ဖြစ်သည်။ Home Screen တွင် မိမိ အမှတ်အသားနှင့် Tap ပြုလုပ်ပြီး မိုဘိုင်းလ်ဖုန်းသို့ ဝင်ရောက် အသုံးပြုနိုင်မည် ဖြစ်သည်။ Knock Code ကို လျှို့ဝှက် အမှတ်အသား ထည့်သွင်းရန် အကွက်တစ်ကွက်တွင် Tap နှစ်ကြိမ်မှ ရှစ်ကြိမ် အထိ ထည့်သွင်း နိုင်မည် ဖြစ်သည်။ အကယ်၍ မိမိထည့်သွင်းထားသော Knock Code ကို မေ့သွားခဲ့လျှင် PIN နံပါတ်နှင့် Backup ပြုလုပ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် Knock Code ကို ထည့်သွင်းသော အချိန်တွင် PIN နံပါတ် ကိုပါ တစ်ခါတည်း ထည့်သွင်းပေးရမည် ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment