Monday, November 10, 2014

ဂျပန်နှင့်တရုတ် ခေါင်းဆောင်များ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမည်




ဂျပန်နိုင်ငံနှင့်   တရုတ်နိုင်ငံအကြား တင်းမာမှုများ နှစ်နှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက်ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် လာမည့်ရက်သတ္တပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို  ပေကျင်းမြို့၌ ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ၏ ဘေးပန်းတွေ့ဆုံ ပွဲတွင်  တွေ့ဆုံသွားမည်ဟု NHK သတင်းဌာနက ဖော်ပြခဲ့သည်။

နှစ်နိုင်ငံအကြား ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း၊ အဆိုပါဆွေးနွေးပွဲကို ဖြစ်မြောက်အောင် စီစဉ်သွားမည်ဖြစ် ကြောင်း ဂျပန်အစိုးရဘက်မှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြား ထိပ်တန်းအဆင့် ဆွေးနွေးပွဲကို ပြုလုပ်သွားမည်ဖြစ်ပြီး အငြင်းပွားဖွယ် အရှေ့တရုတ်ပင်လယ် ကျွန်းများနှင့် စပ်လျဉ်း၍ ရေကြောင်း ဆက်သွယ်ရေးဆိုင်ရာ နည်းလမ်းတစ်ခုကို ၎င်းဆွေးနွေးပွဲ၌ တင်ပြသွား မည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြား ခဲ့သည်။ ဂျပန်နှင့်တရုတ်နိုင်ငံအကြား ဆက်ဆံရေးကို တိုးတက်စေမည့် ဆွေးနွေးပွဲပြုလုပ်မည့် အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top