Monday, November 10, 2014

နာမည်ကျော် ဗစ်တိုးရီးယား ရေတံခွန်ပေါ်ကို ကြိုးတန်းလမ်းလျှောက် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့


ျာမနီက အသက် ၂၆ နှစ်အရွယ် စီးပွားရေးသိပ္ပံ ကျောင်းသား လူကက်စ်အိုင်ရမ်လာနှင့် သြစတြီးယားကအသက် ၃၄ နှစ်အရွယ် ဂျာနယ် လစ်နဲ့ စာရေးဆရာ ရိန်းဟဒ်ကလိုင်းဒစ်လ် တို့ဟာ မီတာ ၁၀၀ ရှည်တဲ့ ကြိုးကို သွယ်တန်းပြီး နာမည်ကျော်ဗစ်တိုးရီးယား ရေတံခွန်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

ပရော်ဖက်ရှင်နယ် ကြိုးတန်း လမ်းလျှောက်သူ သူတို့နှစ်ဦးဟာ ဇင်ဘာဘွေမှာရှိတဲ့ နာမည်ကျော် ဗစ်တိုးရီးယား ရေတံခွန်ပေါ်ကို ဖြတ်လျှောက် ရန်၂ နှစ်အချိန်ယူ ပြင်ဆင်ခဲ့ကြရပြီး နိုဝင်ဘာ ၇  ရက်နေ့မှာ သူတို့၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဟုလည်းဆိုသည်။
ဗစ်တိုရီးယား ရေတံခွန်ဟာ ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေ စာရင်းဝင်ဖြစ်ပြီး ဇမ်ဘီးယားနဲ့ နယ်စပ်မှာပြီး
ကြိုးတန်းလမ်းလျှောက်မယ့် အစီအစဉ်အတွက် ကြိုးကိုသွယ်တန်းနိုင်ဖို့ ဇင်ဘာဘွေ ပန်းခြံနှင့် တောရိုင်းဌာန စီမံခန့်ခွမှုအဖွဲ့ဆီကနေ ခွင့်ပြုချက်တောင်းခံခြင်းမှာ ၇ လခန့်ကြာခဲ့သည်လည်း ပြောကြားထားသည်။


No comments:

Post a Comment

back to top