ယူကရိန်း ပါလီမန် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ယတ်ဆန်ညတ်ခ်၏ပါတီ အနိုင်ရရှိ
ယူကရိန်းနိုင်ငံတွင် ကျင်းပခဲ့သော ရှစ်ကြိမ်မြောက် ပါလီမန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် အာဆန်နီယတ် ဆန်ညတ်ခ် ဦးဆောင်သော ပြည်သူ့တပ်ဦးပါတီက အနိုင်ရရှိခဲ့ကြောင်းဗဟိုရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့သည်။ အောက်တိုဘာ ၂၆ ရက်က ကျင်းပခဲ့သော ၎င်းပါလီမန် ရွေးကောက်ပွဲတွင် ပြည်သူ့တပ်ဦး ပါတီက ထောက်ခံမဲ ၂၂ ဒသမ ၁၄ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပြီး သမ္မတပီထရိုပိုရိုရှန်ကို ထောက်ခံသော နိုင်ငံရေးပါတီက ၂၁ ဒသမ ၈၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန် ခဲ့သည်။
ထို့ပြင် လဗစ်မြို့တော်ဝန် အန်ဒရီဆန်ဒေါ့ဗ်ရီ ဦးဆောင်သော ဆမ်မိုပိုမစ်ခ်ျပါတီ က ထောက်ခံမဲ ၁ဝ ဒသမ ၉၇ ရာခိုင်နှုန်းဖြင့် တတိယနေရာ ရရှိခဲ့ကြောင်း သိရသည်။ ၎င်းပါလီမန် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီဝင် ၂၉ ခုမှ ကိုယ်စားလှယ်လောင်း ၁၄ဝ၁ ဦးက လွှတ်တော်အမတ် ၄၂၃ နေရာအတွက် ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment