အီရန် နျူကလီးယား အရေးနှင့် ပတ်သက်၍ နောက်ဆုံး သဘော တူညီချက်
ရရှိရန်နီးစပ်လာ
အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍
ဆွေးနွေးပွဲများ ကျင်းပခဲ့ရာတွင် နောက်ဆုံးသဘောတူညီချက် ရရှိရန် အနည်းငယ်သာ
လိုအပ်တော့ကြောင်း ဆွေးနွေးပွဲများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံပြုလုပ်ပေးခဲ့သည့်
အိုမန်နိုင်ငံက ပြောကြားသည်။
ဆွေးနွေးပွဲများ ကျင်းပခဲ့စဉ်အတွင်း
အချို့ကိစ္စရပ်များ၌ သဘောထား ကွဲလွဲမှုများ ရှိနေသေးသော်လည်း ခေါင်းဆောင်များ အကြားတွင်
သဘောတူညီမှုများ ရရှိခဲ့ခြင်းကြောင့် နောက်ဆုံး သတ်မှတ်ရက် မရောက်မီ အချိန်ကာလတွင်
ပြီးပြည့်စုံသော သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုး နိုင်မည်ဟု မိမိအနေဖြင့်
ယုံကြည်ကြောင်း အိုမန်နိုင်ငံခြားရေးဝန်ကြီး ယူအက်စ်ဘင် အာလာ ဝီဘင်အဗ္ဗဒူလာက
နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားသည်။
P5 +
1 နှင့် အီရန်နိုင်ငံတို့သည် အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အိုမန်နိုင်ငံ
မတ်စကတ်မြို့တွင် စေ့စပ်ညှိ နှိုင်းမှုများကို သုံးရက်ကြာခန့် ပြုလုပ်ခဲ့ကြပြီး ၎င်းဆွေးနွေးပွဲများကို
ဥရောပသမဂ္ဂမှ ကက်သရင်း အက်ရှ်တန်နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီး
မိုဟာမက်ဂျာဗက်ဇာရစ်ဖ် တို့က ဦးဆောင်ခဲ့ကြကြောင်း သိရသည်။ အီရန်နျူကလီးယား
အစီအစဉ်နှင့် ပတ်သက်၍ နောက်တစ်ကြိမ် ဆွေးနွေးပွဲများကို သြစတြီးယားနိုင်ငံ ဗီယင်နာ
မြို့၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အတွင်း ထပ်မံကျင်းပသွားရန် အီရန်နှင့်ကမ္ဘာ့အင်အားကြီး
နိုင်ငံများမှ ခေါင်းဆောင်များက သတ်မှတ်ထားကြောင်း သိရသည်။
No comments:
Post a Comment