Thursday, November 13, 2014

ဂျပန်အစိုးရက ရွေးကောက်ပွဲကို ဒီဇင်ဘာတွင် ကျင်းပဖွယ်ရှိ

ဂျပန်နိုင်ငံ၏ ရွေးကောက်ပွဲကို ပုံမှန်ကျင်းပရမည့် အချိန်ထက် နှစ်နှစ်စော၍ ကျင်းပရန် စဉ်းစားနေကြောင်း ဂျပန်သတင်းမီဒီယာများက နိုဝင်ဘာ၁၂ရက်တွင် ဖော်ပြခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။


ဂျပန်နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့မှုတွင် နှေးကွေးနေပြီး ရှင်ဇိုအာဘေးအနေဖြင့် ပြည်သူများ၏ ထောက်ခံမှုကို ရရှိရန် အခွန်တိုးမြှင့်မည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ပါက ရွေးကောက်ပွဲကို ကျင်းပသွားနိုင် ကြောင်း မီဒီယာများက သုံးသပ်ခဲ့သည်။
ဧပြီလအတွင်းက စတင်အသက်ဝင်ခဲ့သည့် အရောင်းခွန်များ မြှင့်တင်သည့် အစီအစဉ်ကြောင့် ဂျပန်နိုင်ငံ၏ ဒုတိယသုံးလအတွင်း စီးပွားရေးကို ထိခိုက်မှုဖြစ်စေခဲ့ကြောင်း ပြစ်တင်မှုများ ဖြစ်ပေါ်ခဲ့သည်။
အာဘေးအနေဖြင့် အရောင်းခွန်အား ရှစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ မြှင့်တင်မည့်အစီအစဉ်ကို ဆိုင်းငံ့ ထားဖွယ်ရှိပြီး လူထုထောက်ခံမှုကို ရရှိအောင်လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု သတင်းသုံးသပ်သူများက ပြောကြားသည်။ အဆိုပါအခွန် တိုးမြှင့်မည့်အစီအစဉ်အပေါ် အာဘေး၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ကလည်း လိုလားမှုမရှိခဲ့ကြောင်း သိရသည်။
ရှင်ဇိုအာဘေးက “ဒီနှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပခြင်း၊ မကျင်းပခြင်းဟာ ကျွန်တော့်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်” ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ပြောကြားခဲ့သည်ဟု နစ်ကေး စီးပွား ရေးသတင်းစာက ဖော်ပြခဲ့သည်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် ၎င်း၏မဟာမိတ်ကိုမိအိတို ပါတီတို့သည် ဒီဇင်ဘာ ၁၄ သို့မဟုတ် ၂၁ ရက် တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း နိုင်ငံပိုင်အခြားသတင်းစာ လေးစောင် တွင်လည်း ဖော်ပြ ထားသည်။




No comments:

Post a Comment

back to top