ဘောလုံးကြယ်ပွင့်ဟောင်း ဘက်ဟမ်း၏ အကြီးဆုံးသားကို အာဆင်နယ် ခေါ်ယူဟုဆို
ဘောလုံးကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ဟမ်း၏ အကြီးဆုံးသား ဘရွတ်ကလင်ဘက်ဟမ်းကို အာဆင်နယ် အသင်းက ကာလတို စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဆိုသော သတင်းများ ထွက်ပေါ်နေသည်။
မန်ယူနှင့် ရီးရဲလ်အသင်းတို့ ၏ ဘောလုံးကြယ်ပွင့်ဟောင်း ဘက်ဟမ်း၏သား ဘရွတ်ကလင် (၁၅)နှစ်သည် အာဆင်နယ်အသင်း တွင် နမူနာ ကစားပြခဲ့ပြီး နည်းပြများက သဘောကျသောကြောင့် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ စာချုပ်တစ်ရပ်ဖြင့် အာဆင်နယ်က ခေါ်ယူလိုက်ကြောင်း Daily Star သတင်းဌာန က ဖော်ပြသည်။
ဘရွတ်ကလင်၏ ခြေစွမ်းကြောင့် ဖခင်၏အသင်းဟောင်း မန်ယူအပါအဝင် ဘောလုံးအသင်း အတော်များများက ၎င်းကို စိတ်ဝင်စား နေကြောင်း သတင်းများက ဖော်ပြသည်။ ပြီးခဲ့သည့်နှစ်က ဖူဟမ်အသင်းနှင့် ခြေစမ်းစဉ် ဘရွတ်ကလင်ကို ချယ်လ်ဆီး အသင်းကလည်း စိတ်ဝင်စားခဲ့သည်။ လာမည့်ဘောလုံးရာသီတွင် ၎င်းကို ငွေပမာဏများစွာဖြင့် အာဆင်နယ်က စာချုပ် ချုပ်ဆို ခေါ်ယူခြင်းကို မြင်တွေ့ရလိမ့်မည်ဟု သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ Daily Star သတင်းဌာနက ဖော်ပြသည်။ ဘရွတ်ကလင်၏ ညီနှစ်ဦး ဖြစ်သော ရိုမီယို(၁၂)နှစ်နှင့် ခရုဇ် (၉)နှစ်တို့မှာလည်း အာဆင်နယ် လူငယ်အသင်းများနှင့် လေ့ကျင့် နေသည်။
No comments:
Post a Comment