Tuesday, November 11, 2014

အာရှ-ပစိဖိတ်ဒေသလွတ်လပ်စွာ ကုန်သွယ်ရေးအတွက် အလား အလာကောင်းနေပြီဟု ပေကျင်းတွင် အိုဘားမားပြောကြား

အမေရိကန်က ဦးဆောင်လို့လာသော အာရှ-ပစိဖိတ်ဒေသ လွတ်လစွာကုန်သွယ်ရေး သဘောတူညီမှုသည် အလားအလာကောင်းသည့် အနေအထားတွင် ရောက်ရှိနေသည်ဟု ရှုမြင်မိကြောင်း ပေကျင်းခရီးစဉ် အတွင်း သမ္မတအိုဘားမားက ပြောကြားလိုက်သည်။


ရှစ်ရက်ကြာမြင့်မည့် အာရှခရီးစဉ်အတွင်း တရုတ်နိုင်ငံ ပေကျင်းသို့ ပထမဆုံးရောက်ရှိစဉ် အိုဘားမားက ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်အနေဖြင့် နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်သည့် ပစိဖိတ်ပူးပေါင်း ဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ (TPP) နှင့် ပတ်သက်၍ သဘောထား ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်ကို အခြေခံ၍ အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်တွင် အိုဘားမားက အာရှ-ပစိဖိတ်ဒေသလွတ်လပ်စွာ ကုန်သွယ်ရေးကို ထောက်ခံဆွေးနွေး မည်ဖြစ် သည်။
အိုဘားမားအနေဖြင့် TPP ၁၂ နိုင်ငံထက် ကျော်လွန်ကာ ပိုမိုကျယ်ပြန့်သည့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုကို လိုလားသော်လည်း ယခုအစည်းအဝေးတွင် ပထမအဆင့်အနေဖြင့် ၁၂ နိုင်ငံပါဝင်သော TPP မှ သိသာသည့် တိုးတတ်မှုများကိုသာ လိုလားသူများရှိနေကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံက သီးခြား ကုန်သွယ်ဖက်များအတွက် ဖြေလျှော့ပေးသည့် မူဘောင်တစ်ခုကို ရေးဆွဲရန်လိုလားနေကြောင်း USD Today သတင်းဌာနက ဖော်ပြထားသည်။

No comments:

Post a Comment

back to top