အီရန်နှင့်အနောက်အုပ်စု နျူကလီယားဆွေးနွေးပွဲ သဘော တူညီမှုမရ
Oman မှာ ကျင်းပနေသည့် အီရန်၊ အမေရိကန် ပြည်ထောင်စုနဲ့
အီးယူဥရောပ သမဂ္ဂတို့ရဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲ အဆုံးသတ်သွားပြီး ဖြစ်သော်လည်း အီရန်၏နျူကလီယား
အရေးနှင့်ပတ်သက်ပြီး ပြီးပြည့် စုံသည့် သဘောတူညီချက်တော့မရရှိဘဲပြီးဆုံးသွားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ၊
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ် မစ္စ
Catherine Ashton တို့သည်သတ်မှတ်ရက်မတိုင်ခင် သဘော တူညီ ချက်ရဖို့ တနင်္လာနေ့မှာကြိုးစားခဲ့ကြခြင်းဖြစ်သည်။
တနင်္လာနေ့ ညနေပိုင်းမှာ ဆက်ပြီးကျင်းပမယ့် ဆွေးနွေးပွဲကိုမသွားခင်
မစ္စတာ Zarif က တိုးတက်မှု တစုံတရာ ရနိုင်ချေရှိသည်ဟု ပြောကြားခဲ့သည်။ သို့သော် နောက်ပိုင်းမှာ
ဒီညှိနှိုင်းဆွေးနွေးမှုဟာ တစုံတရာ ရှင်းလင်းတဲ့ ရလဒ်ကောင်း မထွက်ခဲ့သည့်အတွက် ပူးတွဲသတင်းစာ
ရှင်းလင်းပွဲ ပြုလုပ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက် ကြောင်းအီရန်PressTVသို့ပြောကြားထားသည်။
အမေရိကန်သမ္မတ Barack Obama ကတော့ ၂ ဘက် အခြေနေဟာ ကွာဟနေဆဲဖြစ်တယ်လို့
တနင်္ဂနွေနေ့က ပြောပါတယ်။ Oman မှာ ကျင်းပတဲ့ ဆွေးနွေးပွဲဟာ လာမယ့်နှစ်ဆန်း ဇန်နဝါရီလမှာ
လွှတ်တော်ကို ရီပတ် ဘလစ်ကင်ပါတီကမကြီးစိုးခင် အိုဘားမားအစိုးရအဖွဲ့ အတွက် အီရန်နဲ့ နျူကလီယား
သဘောတူညီမှုရအောင် ကြိုးစားရန် နောက်ဆုံးရသည့် အခွင့်အရေးဖြစ်သည်။
No comments:
Post a Comment