Tuesday, October 28, 2014

ပြည်သူ့အကျိုး ဖော်ဆောင်နိုင်ရေး သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေး
***************************************************************
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေးဆင့်ပွားသင်တန်း (၄/၂၀၁၄)ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ (၂၇) ရက် နံနက် (၉) နာရီအချိန်တွင် နိုးကိုးကျေးရွာအုပ်စု ဒေါလိုရှေးကျေးရွာတွင် ကျင်းပပြုလုပ်ရာ ဗဟိုကော် မတီဝင် ဦးလူရယ်ဘိုးလူ တက်ရောက် အမှာစကားပြောကြားပြီး လွိုင်ကော် မြို့နယ်ကော်မတီဝင် ဦးမောင်ရွှေမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။   
နိုးကိုးကျေးရွာအုပ်စု ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေးဆင့်ပွားသင်တန်း (၄/၂၀၁၄)ဖွင့်ပွဲ ကျင်းပစဉ်
အခမ်းအနားသို့ ပြည်နယ်ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်အတွင်းရေးမှူး ဦးသိန်းဇော်နှင့် ကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ် ကော်မတီဝင်များ၊ ကုန်းသာကျေးရွာအုပ်စု၊ ဒေါပေါ်ကလဲကျေးရွာ အုပ်စု၊ နိုးကိုး ကျေးရွာအုပ်စုမှ စည်းရုံးရေးမှူးနှင့် ပါတီဝင် သင်တန်းသား/သူများ စုစုပေါင်း အင်အား (၆၀)ဦး တက်ရောက်ခဲ့ကြသည်။

အလားတူ ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သော ပြည်သူ့ပါတီ မဟာ ဗျူဟာ ဖော်ဆောင်ရေးဆင့်ပွားသင်တန်း (၃/၂၀၁၄) ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ (၂၄) ရက် နံနက် (၉) အချိန်က တောင်ပိုင်းကျေးရွာအုပ်စု၊ ဒေါဆော်ဘူးကျေးရွာတွင် ကျင်းပခဲ့ပြီး အခမ်းအနား တွင် မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစောပေါလူ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကော်မတီဝင် ဦးစိုးရယ်(၂)မှ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို အောက်တိုဘာ(၂၄)ရက်မှ (၂၅)ရက်နေ့ထိ (၂)ရက် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ မြို့နယ်ကော် မတီဝင်များ၊ သင်တန်းသား သင်တန်းသူ (၂၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ကိုမျိုး(လွိုင်ကော်)၊ စောပေါလူ(ရှားတော)

No comments:

Post a Comment

back to top