Tuesday, October 28, 2014

လားရှိုးမြို့ တိုးချဲ့ကွက်သစ် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေး စုပေါင်း ညှိနှိုင်းဆောင်ရွက်
***********************************************************
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ တိုးချဲ့ကွက်သစ်ဖြစ်သည့် အမှတ်(၁၀)ရပ်ကွက်၊နယ်မြေ(၉)၌ အောက်တိုဘာလ (၂၃)ရက်၊ ညနေ(၃း၀၀)နာရီက နယ်မြေလူထုသဘောဆန္ဒဖြင့် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး သွယ်တန်းရရှိရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်ကြောင်း သိရှိရသည်။
လားရှိုးမြို့ တိုးချဲ့ကွက်သစ် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေး လုပ်ငန်းညှိနှိုင်း အစည်အဝေးကျင်းပစဉ်

အစည်းအဝေးတွင် အမှတ်(၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုယ်စား ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးမိုးစိန်က အဖွင့် အမှာစကားပြောကြားပြီး နယ်မြေမှူး ဦးခင်မောင်ဆွေမှ နယ်မြေလူထုစုပေါင်း၍ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးသွယ်တန်းရရှိနိုင်ရေး ဆောင်ရွက်ရန် အခြေအနေများ ရှင်းလင်းတင်ပြသည်။ ၎င်းနောက် လျှပ်စစ်မီးလင်းရေး ကော်မတီအဖွဲ့ကို တက်ရောက်လာကြသော နယ်မြေလူထုဆန္ဒဖြင့် ရွေးချယ်ဖွဲ့စည်းကြပြီး ကော်မတီ အဖွဲ့အမည်စာရင်းနှင့် လုပ်ငန်းတာဝန်အသီးသီးကို တာဝန်ပေးအတည်ပြုကြပါသည်။
ဆက်လက် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးမှ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး သွယ်တန်း ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုတွဲပြုစု၍ု သက်ဆိုင်ရာဌာနသို့ တင်ပြလျှောက်ထားနိုင်ရေး၊ မြို့နယ်အတွင်း ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးရရှိပြီး ကျေးရွာများ၊ ဆောင်ရွက်ဆဲကျေးရွာများ အခြေအနေနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးကာ မီးလင်းရေးကော်မတီဥက္ကဌမှ နိဂုံးချုပ်အမှာစကား ပြောကြားပါသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်မီးလင်းရေးလုပ်ငန်းအတွက် မတည်အလှူရှင်များ၊ ရပ်မိရပ်ဖ နယ်မြေလူထုများ၊ ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီများ အင်အား(၆၀)ကျော် တက်ရောက်ကြကြောင်း သိရှိရသည်။
အုန်းငွေ (လားရှိုး)

No comments:

Post a Comment

back to top