Tuesday, October 28, 2014

ပြည်သူ့ကျန်းမာရေးအတွက် ခြင်ဆေးဖျန်းခြင်းဆောင်ရွက်
********************************************
ဒဂုံအရှေ့ပိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြို့နယ်ကော်မတီ အတွင်းရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ်ကော်မတီဝင် များဦးဆောင်၍ လူငယ်အဖွဲ့ဝင်များ၊ ရပ်ကွက်ကော်မတီဝင်များသည် ပြည်သူ့ ကျန်းမာရေး အထောက်အကူပြုစေရန် အတွက် ဒေသဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ အောက်တိုဘာ (၂၄)ရက် နေ့လည် (၁၂)နာရီမှ ညနေ (၅)နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၃ ရပ်ကွက်တွင် ခြင်ဆေး ဖျန်းခြင်း လုပ်ငန်းအား ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်စဉ်

ထို့အပြင် မြို့နယ်ကော်မတီ အတွင်းရေးမှူး ဦးမြင့်ခိုင်နှင့် မြို့နယ်ကော်မတီဝင်များမှ ဦးဆောင်၍ လူငယ်အဖွဲ့ဝင်များ၊ ရပ်ကွက်ကော်မတီဝင်များက အောက်တိုဘာ ၂၅ ရက် နံနက် ၉း၀၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့ပိုင်းမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၌ ပါတီဝင်များအား ပါတီဝင် အသိအမှတ်ပြု ကဒ်ပြားများ အိမ်တိုင်ယာရောက် လိုက်လံပေးအပ်ခြင်းနှင့်၊ Door To Door ကွင်းဆင်း ဆောင်ရွက်ခြင်းလုပ်ငန်း တို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပါတီဝင်ကတ်ပြားရရှိရေး ဆောင်ရွက်စဉ်

No comments:

Post a Comment

back to top