Friday, November 7, 2014

ဘောလုံးလောကတွင် အကောင်းဆုံး ဘောလုံးသမားအဖြစ် အမှတ်ရ နေကြ လိမ့်မည် ဟု ရော်နယ်ဒိုပြော


ဘောလုံးလောကမှ မိမိအနားယူချိန်တွင် အကြီးကျယ်ဆုံး ဘောလုံးသမားများအနက် တစ်ဦးအဖြစ် အများက အမှတ်ရ နေကြလိမ့်မည် ဟု ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ရော်နယ်ဒိုက ပြောကြားလိုက်သည်။
ရော်နယ်ဒို(၂၉)နှစ်သည် ရီးရဲလ်တွင် ပြီးခဲ့သည့် ဘောလုံးရာသီအတွက် ဥရောပဂိုးသွင်းအများဆုံး ဘောလုံးသမား ပူးတွဲ ရွှေဖိနပ် ဆုကို နိုဝင်ဘာ ၅ ရက်က လက်ခံရရှိခဲ့ပြီး ဇန်နဝါရီလအတွင်း ရွေးချယ်မည့် ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို တတိယအကြိမ်မြောက် ရရှိရန် ရေပန်းစားနေသည်။
ပေါ်တူဂီလက်ရွေးစင် ရော်နယ်ဒိုသည် ယခုနှစ် ဘောလုံးရာသီအတွင်း ရီးရဲလ်အတွက် ၁၆ ပွဲ ကစားပြီး ၂၂ ဂိုး သွင်းယူ ထားကာ ရီးရဲလ်ကို ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်လှမ်းနိုင်ရေး ကူညီ ထားသည်။ ရီးရဲလ်အသင်း နှင့် ၂၀၁၈ အထိ စာချုပ် ချုပ်ဆိုထားသော ရော်နယ်ဒိုက စာချုပ်သက်တမ်း ကုန်ဆုံးမည့် အသက်(၃၃)နှစ်အရွယ်တွင် ရီးရဲလ်၌ နောက်ထပ် နှစ်အနည်းငယ် ဆက်ကစားနိုင်ဦးမည်လား ဆိုသည်ကို စောင့်ကြည့်ရဦးမည်ဟု ပြောသည်။

No comments:

Post a Comment

back to top