Friday, November 7, 2014

အမေရိကန် သမ္မတ အိုဘားမား သမ္မတ ဦးသိန်းစိန်၊ ဒေါ်ဆောင်ဆန်းစုကြည်နှင့် အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင် များကို တွေ့ဆုံမည်

ယခုလ ၁၂ ရက်မှ ၁၄ ရက်အတွင်း နေပြည်တော်တွင် ကျင်းပမည့် အရှေ့အာရှထိပ်သီး အစည်းအဝေးနှင့် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေး များသို့ တက်ရောက်ပြီးတောက် သမ္မတ ဦးသိန်းစိန်နှင့် အိုဘားမားတို့ တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုလ ၁၄ ရက်တွင် အိုဘားမားသည် ရန်ကုန်မြို့တော် ခန်းမ၌ အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင်များ အဖွဲ့ (YSEALI) အဖွဲ့၏ အဖွဲ့ဝင်လူငယ်များနှင့် Yangon Southeast Asian Leaderchip Initiative Town Hall အခမ်းအနားတွင် တွေ့ဆုံမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံ မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ထုန်ပြန်ချက်တွင် ဖော်ပြသည်။
ယခုလ ၁၀ ရက်မှ ၁၆ ရက်အထိ ကြာမြင့်မည့် အိုဘားမား၏ အာရှဒေသခရီးစဉ်တွင် တရုတ်၊ မြန်မာနှင့် သြစတြေးလျ သုံးနိုင်ငံတို့ အမေရိကန်သန် သမ္မတ သွားရောက်မည်ဖြစ်သည်။ ယခုလ ၁၀ ရက်မှ ၁၂ ရက်အထိ တရုတ်နိုင်ငံတွင် ကျင်းပမည့် APEC ခေါင်းဆာင်များ အစည်းအဝေးနှင့် APEC CEO ထိပ်သီး အစည်းအဝေးများသို့ အိုဘားမား တက်ရောက်မည်ဖြစ်သည်။ APEC ခေါင်းဆောင်များ အစည်းအဝေးအပြီး တွင် အိုဘားမားသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည်ဖြစ်သည်။

No comments:

Post a Comment

back to top