Friday, November 7, 2014

မြန်မာနိုင်ငံခရီးစဉ်တွင် တရုတ်နှင့် အိန္ဒိယ ၀န်ကြီးချုပ်နှစ်ဦး ပထမဆုံးတွေ့ ဆုံမည်
မြန်မာနိုင်ငံတွင် ကျင်းပမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ လာမည့် ရက်သတ္တပတ်တွင် လာရောက်မည့် ခရီးစဉ်၌ အိန္ဒိယ၀န်ကြီးချုပ် နီရန်ဒရာမိုဒီသည် တရုတ်ဝန်ကြီးချုပ် လီခကျန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံ သွားဖွယ်ရှိသည်ဟု တရုတ် အစိုးရတာဝန်ရှိသူများက India Today သတင်းဌာနသို့ ပြောသည်။
အိန္ဒိယ၀န်ကြီးချုပ်နှင့် တရုတ်ဝန်ကြီးချုပ်၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုအတွက် တရုတ်အစိုးရဘက်မှ အထူးလိုလားလျက်ရှိပြီး အိန္ဒိယ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ၀န်ကြီးချုပ် လီခကျန်းသည် နီရန်ဒရာမိုဒီနှင့် ပထမဆုံး တယ်လီဖုန်းပြောသည့် ပြည်ပအစိုးရခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း၊ ဖုန်းပြောဆိုမှုသည် မိနစ် ၄၀ ကြာမြင့်ခဲ့ကြောင့် တရုတ်အစိုးရ တာဝန်ရှိသူများက ပြောသည်။
ထိုသို့ဖုန်းပြောဆိုရာတွင် အိန္ဒိယအစိုးရနှင့် ခိုင်မာသည့် ဆက်ဆံရေး တည်ဆောက်ရန် လီခကျန်းက ကတိပြုခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပမည့် အာဆီယံ-တရုတ် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများကို တက်ရောက် ရန် မြန်မာနိုင်ငံသို့ နှစ်နိုင်ငံ ၀န်ကြီးချုပ် နှစ်ဦးစလုံး လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

No comments:

Post a Comment

back to top