မိုးထဲရေထဲလာအားပေးမယ့် ပရိသတ်အတွက် အမြဲရှိမယ့် ဇော်ဝင်းထွဋ်
အင်ပါယာနှစ် ၃၀ ပြည့် ဂုဏ်ပြုဖျော်ဖြေပွဲကျင်းပမည့် တန် ဆောင်မုန်းလပြည့်ညတွင် မုန် တိုင်းအရှိန်ကြောင့် မိုးများဆက် တိုက်ရွာသွန်းနေသဖြင့် ဖျော်ဖြေပွဲကို တစ်ရက်နောက်ဆုတ်လိုက် သော်လည်း ဇော်ဝင်းထွဋ်ကမူ မိုး ထဲရေထဲ လာအားပေးမည့် ပရိ သတ်အတွက် တစ်ဦးတည်းဖျော် ဖြေပေးမည်ဟု ဆိုသည်။ အင်ပါယာ နှစ် (၃၀) ပြည့် ဂုဏ်ပြုဖျော်ဖြေပွဲကို ယခင်က နိုဝင်ဘာ ၆ ရက် (တန်ဆောင်မုန်း လပြည့်)တွင် ပြည်သူ့ရင်ပြင်၌ ပြု လုပ်ရန် စီစဉ်ထားသော်လည်း မိုး များအဆက်မပြတ်ရွာသွန်းနေ သောကြောင့် တစ်ရက်နောက် ဆုတ်၍ နိုဝင်ဘာ ၇ ရက်တွင် ယခင်ကြေညာထားသည့် အစီအစဉ်များနှင့် ဖျော်ဖြေပေးမည် ဖြစ်သည် ။ သို့ရာတွင် အဆိုတော် ဇော်ဝင်းထွဋ်ကမူ နိုဝင်ဘာ ၆ ရက်ညတွင် လာရောက်အားပေးမည့် ပရိသတ်များကို ဖျော်ဖြေပေးမည် ဖြစ်ကြောင်း အသိပေးထားသည်။
ဇော်ဝင်းထွဋ်၏ သမီးချံချံ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ‘‘အနှစ် သုံးဆယ်ကျော်တောင် ဖြတ်သန်း လာခဲ့ပြီးပြီပဲ။ မိုးလေးတစ်ရက် လောက်ရွာတဲ့ကိစ္စကို ရေးကြီးခွင် ကျယ်လုပ်နေလို့ ဘယ်ဖြစ်ပါ့မ လဲ။ ရာသီဥတုကြောင့် ရောက်မ လာမယ့် လူငါးထောင်ထက် မိုးထဲ ရေထဲ လာဆင်နွှဲမယ့် လူငါး ယောက်ကို ပိုဦးစားပေးရလိမ့် မယ်။ မိုးထဲ လေထဲနွှဲရမယ့် Rock ပွဲတစ်ပွဲကို ကျွန်တော်လည်း ဘယ်အလွတ်ခံချင်ပါ့မလဲ’’ဟု ဇော်ဝင်း ထွဋ်လက်ရေးဖြင့် ရေးသားထား သည့်စာကို ဖော်ပြထားသည်။
နိုဝင်ဘာ ၆ ရက်ညတွင် ပြု လုပ်မည့် ဇော်ဝင်းထွဋ်၏ ဖျော်ဖြေမှုအစီအစဉ်အတွက် မိုးတိတ် သည့် ညနေပိုင်း၌ စတင်ပြင်ဆင်နေပြီး မိုးထဲရေထဲဖြစ်သော် လည်း ဆေးပေါင်းခမည့်ညတွင် ဇော်ဝင်းထွဋ်က လာရောက်သည့် ပရိသတ်များကို သီချင်းများနှင့် ဖျော်ဖြေပေးမည်ဖြစ်ကြောင်း ပွဲ ပြင်ဆင်သည့် နေရာသို့ ရောက်ရှိ နေသည့် အင်ပါယာ၏ အမာခံ ပရိသတ်တစ်ဦးက ပြောသည်။
နာမည်ကျော် သီချင်းတစ် ပုဒ်ဖြစ်သည့် ဆေးပေါင်းခသည့် ညသီချင်းပိုင်ရှင် ဇော်ဝင်းထွဋ်က ဆေးပေါင်းခသည့် တန်ဆောင် မုန်းလပြည့်ညတွင် မိုးဖျက်သော် လည်း အရောက်လာမည့် ပရိသတ် ၊မဖြစ်ဖြစ်အောင် လာမည့် ပရိ သတ်အတွက် ဖျော်ဖြေမည်ကို အနုပညာရှင် အချင်းချင်းက လည်း လေးစားမှုဖြင့် ဇော်ဝင်းထွဋ် ၏ လက်ရေးစာကို ဖေ့စ်ဘွတ်ခ် တွင် ဝေမျှခဲ့ကြသည်။
နိုဝင်ဘာ ၇ ၇က်၌ ပြုလုပ် မည့် အင်ပါယာ နှစ်(၃၀)ပြည့် ဂုဏ်ပြုဖျော်ဖြေပွဲတွင် ဇော်ဝင်းထွဋ်၊ ရဲသွင်၊ ရင်ဂို၊ စည်သူလွင်၊ တ ယောဦးတင်ရီအဖွဲ့နှင့် မျိုးဆက် သစ် ရော့ခ်ဂီတအဖွဲ့များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်သည်။

No comments:
Post a Comment