Friday, November 7, 2014

CMA Awards ဆုပေးပွဲ အခမ်းအနားတွင် Bang Bang တေးသီချင်းကို အေရီယန်နာနှင့်ကားရန်တို သီဆိုဖျော်ဖြေ



ကမ္ဘာကျော် အဆိုတော် အေရီယန်နာဂရန်းသည် အမေရိကန် ပြည်ထောင်စု တင်နက်ဆီပြည်နယ် နက်ရှ်ဗေးမြို့ရှိSd Bridgestone Arena ခန်းမ၌ နိုဝင်ဘာ ၅ ရက်က ကျင်းပခဲ့သော (၄၈)ကြိမ်မြောက် CMA Awards  ဆုပေးပွဲ အခမ်းအနားတွင်  Bang  Bang တေးသီချင်းကို Little Big Town အဆိုအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ကားရန်ဖဲချိုင်းဒ်နှင့် အတူ သီဆိုဖျော်ဖြေ ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုပေးပွဲ အခမ်းအနားတွင် အေရီယန်နာနှင့် ကားရန်တို့ နှစ်ဦးသည် TRON ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ကောင်များ ဝတ်ဆင်သော နီယွန်လိုင်း ဝတ်စုံကို ဝတ်ဆင်ကာ Bang Bang သီချင်းကို ဖျော်ဖြေ တင်ဆက်ခဲ့ခြင်း  ဖြစ်သည်။
အေရီယန်နာသည် သူမ၏ Bang Bang တေးသီချင်းကို ရက်ပ် အဆိုတော် နစ်ကီမင်န၊ ဂျေဇီးတို့နှင့် အတူ သီဆိုခဲ့ခြင်း ဖြစ်သော်လည်း ၎င်းတို့နှစ်ဦးသည် အဆိုပါ ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း မရှိသောကြောင့် ကားရန်နှင့် အတူ သီဆိုခဲ့ခြင်း ဖြစ်သည်။
ကားရန်သည် အဆိုပါ တေးသီချင်းကို အေရီယန်နာနှင့် အတူ သီဆိုနိုင်ရန် အတွက် အစမ်း လေ့ကျင့်မှုများ လုပ်ဆောင် ခဲ့ရကြောင်း  သိရသည်။

No comments:

Post a Comment

back to top