အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် ပတ်သက်သော ကာကွယ် ကုသမှု ဆိုင်ရာ နှိုးဆော် ချက်
ခန့်မှန်း တွက်ချက်မှုများအရ ကမ္ဘာပေါ်တွင် အိပ်ခ်ျအိုင်ဗွီရောဂါပိုး သယ်ဆောင် ထားသူများသည် ၂ဝ၁၂ ခုနှစ် အကုန်တွင် ၃ ဒသမ ၅ သန်းရှိသည်။ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုးအသစ် ကူးစက်ခံရသူများမှာ ၂ ဒသမ ၃ သန်းရှိပြီး ၁ ဒသမ ၆ သန်းသည် အေအိုင်ဒီအက်စ် ရောဂါဖြင့် သေဆုံးခဲ့သည်။ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါသည် လိင်တူလိင်ကွဲ ဆက်ဆံခြင်း၊ မူး ယစ်ဆေးဝါး အကြောထဲ ထိုးသွင်းခြင်းနှင့် ဆေးထိုးအပ်/ဆေးထိုးပြွန် မျှဝေသုံးစွဲခြင်း၊ မသန့်ရှင်းသော သွေးနှင့် သွေး ပစ္စည်းများကို သွင်းမိခြင်းတို့ကြောင့် ကူးစက်နိုင်သည်။ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုးကူး စက်ခံရပြီးနောက် အများစုတွင် ငါးနှစ်မှ ၁ဝ နှစ်ခန့်အထိ ကြာပြီးမှသာ ရောဂါလက္ခဏာ စတင် ပေါ်ပေါက်တတ်သည်။ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှု ရှိ၊ မရှိကို ရောဂါပိုး ကူးစက်ခံရပြီးနောက် သုံးလမှ ခြောက်လခန့် ကြာမြင့်ပြီးသည့် အခါမှသာ သွေးစစ်ဆေးခြင်းဖြင့် အဓိကသိရှိ နိုင် သည်။
အေအိုင်ဒီအက်စ် အဓိက ရောဂါလက္ခဏာများတွင် တစ်လထက်ပို၍ ဖျားနေခြင်း၊ ၁ဝ ရာခိုင်နှုန်းထက် ပို၍ ကိုယ်အလေး ချိန်ကျဆင်းခြင်း၊ တစ်လထက်ပို၍ ဝမ်းပျက်၊ ဝမ်းလျှောနေခြင်းတို့ ပါဝင်ပြီး သာမန် လက္ခဏာများထဲတွင် ခန္ဓာကိုယ် အကျိတ်များ ကြီးထွားလာခြင်း၊ ဆင်ရေယုန်ကဲ့သို့ ပြင်းထန် ရေယုန်ဖြစ်ပွားခြင်း၊ အသက်ရှူ လမ်းကြောင်းများဆိုင်ရာ ရောဂါပိုးဝင်၍ မကြာခဏ ရောဂါဖြစ်ပွားခြင်း၊ တစ်ကိုယ်လုံးတွင် ယားယံ၍ အင်ပျဉ်ထွက်ခြင်း၊ ပါးစပ်နှင့် အစာမျို လမ်း ကြောင်းတစ်လျှောက် မှ က္ခရုဖြစ်ပွားခြင်း၊ အဆုတ်တီဘီရောဂါနှင့် ပြင်းထန်အဆုတ်ရောင် ရောဂါဖြစ်ပွားခြင်းတို့ ပါဝင် သည်။
အိပ်ခ်ျအိုင်ဗွီရောဂါပိုး မကူးစက်အောင် အဓိက ကာကွယ်နိုင်သော နည်းလမ်းမှာ လိင်အပျော်အပါး လိုက်စားမှုကို ရှောင် ကြဉ်ခြင်း၊ မရှောင်ကြဉ်နိုင်ပါက ကွန်ဒုံးကို စနစ်တကျ အမြဲမှန်ကန်စွာ သုံးစွဲခြင်းနှင့် မူးယစ်ဆေး အကြောထဲ ထိုးသွင်း သုံး စွဲခြင်းကို ရှောင်ကြဉ်ရန် လိုအပ်သည်။ ပြည်သူလူထုအနေဖြင့် အိပ်ခ်ျအိုင်ဗွီ ရောဂါကူး စက်ခံရသည်ဟု သံသယရှိပါက နီး စပ်ရာ ဆေးရုံ/ဆေးခန်း များတွင် အခမဲ့ သွေးစစ်ဆေးမှု ခံယူပြီး လိုအပ်သော ဆေးကု သမှု အခမဲ့ခံယူရန် လိုအပ်ကြောင်း အသိပေး နှိုးဆော် အပ်ပါသည်။
No comments:
Post a Comment