နိုင်ငံတကာ အာကာသစခန်းမှ အမှုထမ်းများ ကမ္ဘာမြေပြင်သို့ ပြန်လည် ရောက်ရှိလာ
ရုရှား အာကာသယာဉ်မှူး တစ်ဦးနှင့် နိုင်ငံတကာ အာကာသစခန်း ISS မှ လုပ်ဖော်ကိုင်ဖက် အမှုထမ်း နှစ်ဦးဟာ (၅) လခွဲကြာ ဂြိုဟ်ပတ်လမ်းအတွင်း နေထိုင်ခဲ့ပြီးနောက်၊ ရက်နေ့က ကမ္ဘာမြေပြင်သို့ ပြန်လည် ရောက်ရှိ လာခဲ့တယ်လို့ သိရပါတယ်။ သူတို့တွေဟာ Soyuz(ဆိုယုဇ်) ဒုံးပျံ ထိပ်ဖူးနဲ့၊ Kazakhstan (ကာဇတ် စတန်) မြေပြင်သို့ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။
ယခုမစ်ရှင်အတွင်း ခေါင်းဆောင် အုပ်ချုပ်သူ ရုရှား အာကာသ ယာဉ်မှူး Maxim Suraev(မက်ဇင်ဆာရေး)၊
နာဆာမှ အာကာသယာဉ်မှူး Reid Wiseman (ရိတ်ဝိုက်စမန်း)နဲ့ ဥရောပ အာကာသ အေဂျင်စီ ဂျာမန်လေကြောင်းဆိုင်ရာ
အင်ဂျင်နီယာ Alexander Gerst (အက်ဇဒ္ဒြားဂါ့စ်)တို့ဟာ ဂြိုဟ်ပတ်လမ်းကနေ ထွက်ခွာပြီး၊
(၃)နာရီခွဲခန့် အကြာမှာ မြေပြင်သို့ ရောက်ရှိခဲ့ပါ သည်။ စောင့်ဆိုင်းနေသူတွေက ၄င်းတို့ကို
Soyuz(ဆိုယုဇ်) ဒုံးပျံထိပ်ဖူးထဲကနေ အပြင်ကိုရောက်ရှိဖို့ အတွက် ဘေးကနေ ၀ိုင်းဝန်းကူညီပေးခဲ့ကြ တယ်လို့
ရိုက်တာသတင်းမှာ ဖော်ပြထားသည်။
No comments:
Post a Comment