နယ်သာလန်ဝန်ကြီးချုပ် မတ်ရူတီနှင့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်တို့ တွေ့ဆုံ၍ မလေးရှား လေယာဉ် MH17 ပျက်ကျမှုနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေများအား တွေ့ဆုံဆွေးနွေး

နယ်သာလန်ဝန်ကြီးချုပ် မတ်ရူတီ(Mark Rutte)ဟာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် (Najib Razak)နဲ့ တွေ့ဆုံပြီး မလေးရှားလေယာဉ် MH17 ပျက်ကျမှုနဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေတွေကို ဆွေးနွေးဖို့ မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့သည်။ မလေးရှားလေယာဉ် MH17ဟာ ဇူလိုင်လ (၁၇) ရက်နေ့က ယူကရိန်း အရှေ့ပိုင်းမှာ ဒုံးကျည်နှင့်ပစ်ခတ်ခံရပြီးနောက် ပျက်ကျခဲ့ခြင်းဖြစ်သည်။
၎င်းဖြစ်ရပ်ကြောင့် လေယာဉ်ပေါ် လိုက်ပါခဲ့သူ (၂၉၈)ဦးလုံး သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ နယ်သာလန်နိုင်ငံက ဦးဆောင်ကာ စုံစမ်း စစ်ဆေးမှုကို ဆောင်ရွက်နေတာဖြစ်ပြီး မကြာသေးခင် သီတင်းပတ်များမှာ ဝေဖန်ပြောကြားမှုတွေ ပေါ်ထွက်လာခဲ့သည်။ အထူးသဖြင့် နယ်သာလန် အရာရှိများက လေယာဉ်ပျက်ကျရာနေရာကို အမြန်ဆုံး မသွားရောက်နိုင်ခဲ့မှုအပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။ နယ်သာလန်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ် ဖော်ဇီအာ မိုဟာမက်တိုက် (Fauziah Mohd Taib) ကလည်း စုံစမ်း စစ်ဆေးမှုတွေမှာ မလေးရှားနိုင်ငံရဲ့ ပူးပေါင်း ပါဝင်မှု အားနည်းသည့် အပေါ် ဝေဖန်ပြောကြားခဲ့သည်။ ပျက်ကျခဲ့သည့် လေယာဉ်ပေါ်မှာ မလေးရှားလူမျိုး (၄၃)ဦး လိုက်ပါသွား ကြောင်း ကွာလာလမ်ပူမြို့မှာ ခေတ္တနေထိုင်ပြီးနောက် ၀န်ကြီးချုပ် ရူတီ(Rutte)ဟာ သြစတြေးလျနိုင်ငံကို သွားရောက်ကာ သြစတြေးလျဝန်ကြီးချုပ် တိုနီအဘော့ (Tony Abbott)နဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း၊ ခေါင်းဆောင်နှစ်ဦးသည် လေယာဉ်ပျက် ကျခဲ့သည့် နေရာသို့ သွားရောက်နိုင်ရန် နောက်ဆုံးကြိုးပမ်းမှုများကို ဆွေးနွေးမည်ဟုလည်း သိရှိရပါသည်။ ၀န်ကြီးချုပ်ရူတီဟာ လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့တဲ့ သြစတြေးလျလူမျိုး (၃၈) ဦးရဲ့ ဆွေမျိုးသားချင်းတွေနဲ့လည်း တွေ့ဆုံသွားမှာဖြစ်ကြောင်း AFP သတင်းမှာ ဖော်ပြထားပါရှိသည်။
No comments:
Post a Comment