Friday, November 7, 2014

လာဘ်စားမှုတိုက်ဖျက်ရေး ထောက်ခံရန် အာရှ-ပစိဖိတ်နိုင်ငံများအသင့်ပြင်

တရုတ်နိုင်ငံအခြေစိုက် သတင်းအချက်အလက် ဖြန့်ဝေရေးကွန်ရက်မှ လာဘ်စားမှု တိုက်ဖျက်ရေး စီမံချက်ကို ၀ိုင်းဝန်းထောက်ခံ အတည်ပြုရန် အာ၇ှ-ပစိဖိတ်ဒေသနိုင်ငံများက အသင့်ပြင်ထားကြောင်း Wall Street Journal က ဖော်ပြသည်။
တရုတ်ကွန်မြူနစ် ပါတီ၏ လာဘ်စားမှုတိုက်ဖျက်ရေး ထိပ်တန်းအဖွဲ့၏ လေ့ကျင့်ရေးလက်အောက်ခံ အဖွဲ့ အစည်းတွင် အခြေစိုက် မည့် အဆိုပါ Act-Net အမည်ရှိ ကွန်ရက်သည် ပါတီတာဝန်ရှိသူများကို ရုံးတင်တရားစွဲ ဆိုမှုမရှိဘဲ စုံစမ်းစစ်ဆေးပြီး ထောင်ချ နိုင်သည့် အခွင့်အာဏာရှိကြောင်း အဆိုပါ အမေရိကန် သတင်းစာက ပြောပြသည်။
အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ တိုက်ဖျက်ရေးကွန်ရက်ကို တရုတ်နိုင်ငံတွင် အခြေစိုက်ရန် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို စိန်ခေါ်ဖွယ်မရှိနိုင်ကြောင်း သတင်းတွင် ဖော်ပြသည်။ လာဘ်စားမှု တိုက်ဖျက်ရေး ကွန်ရက်၏ ကနဦးလုပ်ငန်း ဆောင်ရွက်မှု အခွင့်အာဏာသည် ၂၀၁၅ ခုနှစ် တစ်နှစ်တာ လုပ်ဆောင်နိုင်ခွင့်အတွက် ရရှိထားသည်
တရားမ၀င် စီးပွားရေး အကျိုးအမြတ်များ ရရှိပြီးနောက် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် လာဘ်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမငတွင် အရေးယူသွားရန် တရုတ်သမ္မတရှီကျင့်ဖျင်က ကြိုးပမ်းခဲ့သည်။ အဆိုပါကွန်ရက်သည် တရားခံများကို နိုင်င့ဖြတ်ကျော် လွှဲပြောင်းပေးခြင်း၊ တရားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ပေးခြင်းနှင့် လာဘ်စားမှုမှ ရလာသည့်ပိုင်ဆိုင်မှုများကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top