Monday, November 10, 2014

ပင်ဆယ်ဗေးနီးယားတွင် ထိုးသတ်ခဲ့သည့် လက်ဝှေ့ပွဲတွင် မန်ဆူအာက ကတ်ဆီကို အလဲထိုးသတ်



အမေရိကန် ပြည်ထောင်စု ပင်ဆယ်ဗေး နီးယားပြည်နယ် ဘက်သလင်ဟမ်မြို့ Sand Casino ရှိ ကြိုးဝိုင်း၌ နိုဝင်ဘာ ၈ ရက် ညပိုင်းက ထိုးသတ်ခဲ့သည့် စိန်ခေါ်လက်ဝှေ့ပွဲတွင် ဒီလာဝဲယား ပြည်နယ်သား ဟဲဗီးဝိတ်တန်း လက်ဝှေ့ကျော် အမီယာမန်ဆူအာက ဖရက်ကတ်ဆီကို အလဲထိုးသတ်ခဲ့ကြောင်း သိရသည်။
အသက် ၄၂ နှစ်အရွယ်ရှိ မန်ဆူအာသည် ယင်းပွဲတွင် ကင်မရွန်း ဇာတိဖွား ကတ်ဆီကို ခုနစ်ချီမြောက်တွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ပွဲစဉ်အစပိုင်းတွင် လက်ဝှေ့ကျော် နှစ်ဦးစလုံးသည် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သော်လည်း မန်ဆူအာသည် ၎င်း၏ အတွေ့အကြုံ ရင့်ကျက်မှုနှင့် ပြိုင်ဘက်ကို အမိအရ ထိုးသတ် နိုင်မှု တို့ကြောင့် အသက် ၃၅ နှစ်အရွယ်ရှိ ကတ်ဆီမှာ နောက်ဆုံးတွင် ကြမ်းပြင်ပေါ်သို့ လဲကျပြီး သတိလစ် သွားခဲ့ကြောင်း  သိရသည်။ မန်ဆူအာသည် လက်ဝှေ့ပွဲပေါင်း ၂၂ ပွဲ ထိုးသတ်ထားရာတွင် ၂၁ ပွဲအနိုင်ရရှိထား ပြီး တစ်ပွဲသာ ရှုံးနိမ့်ထားသူ ဖြစ်သည်။

No comments:

Post a Comment

back to top