Monday, November 10, 2014

Miss Earth Myanmar 2014 အိမွန်ခိုင် Miss Earth Pageant ပြိုင်ပွဲ ယှဉ်ပြိုင် ရန် ဖိလစ်ပိုင် နိုင်ငံသို့ ထွက်ခွာ




Miss Earth Mya-nmar 2014 ရရှိထားသည့်  အိမွန်ခိုင်သည် (၁၄) ကြိမ်မြောက် ကျင်းပမည့် Miss Earth Pageant ပြိုင်ပွဲ၌ ယှဉ် ပြိုင်ရန် နိုဝင်ဘာ ၆ ရက် နံနက် ၈ နာရီ လေယာဉ်ဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားကြောင်း Miss Gol-den Land   Myanmar Organization  မှ ကိုဝေယံအောင်က ပြောသည်။ Miss Earth Myan-mar 2014 ပြိုင်ပွဲသည် ကမ္ဘာ့ကြီး ကျယ် အခမ်းအနားဆုံး Big  (4) Page-ants  စာရင်းဝင် ပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံး  ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ကာ အလှမယ် အိမွန်ခိုင် ၏   နိုင်ငံဝတ်စုံဖြစ် သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ  ဝတ်စုံကို  ဒီဇိုင်နာ  မပုံ့ (my  Favourite) က ပြင်ဆင် ပေးခဲ့ သည်။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း ဆိုင်ရာများကို အဓိကထား လေ့လာပြင်ဆင် သွားသည့်အပြင် ရေကူးဝတ်စုံနှင့်   ညနေခင်း ပွဲတက် ဝတ်စုံများ ကိုလည်း  ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲ သည်   နိုဝင်ဘာ  ၆ ရက်မှ  နိုဝင်ဘာ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး   နိုင်ငံပေါင်း ၉ဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ် ကြောင်း  သိရသည်။ Miss Earth Myanmar 2014 ရရှိထားသည့်   အိမွန်ခိုင်သည် ယင်းပြိုင်ပွဲ ၏   ကိုယ်ရည်ကိုယ်သွေး ပြိုင်ပွဲတွင် ဝူရှူးအားကစားကို ပြသမည်ဖြစ်ပြီး  Miss  Earth  2014 မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း ဆိုင်ရာနှင့်ပတ်သက် သည့် Eco Beauty Documentary ကို  ငါးမိနစ်စာ  ဗီဒီယိုဖြင့်  ပြသ မည်ဖြစ်သည်။  အဆိုပါပြိုင်ပွဲ တွင် ပြိုင်ပွဲဝင်များ  ရိုက်ကူးလာသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း ဆိုင်ရာ   ဗီဒီယိုဖိုင်များကိုကြည့်ရှုပြီး  မဲပေးနိုင် မည့် အစီအစဉ်များ ပါဝင် မည်ဟု  ၎င်းက  ပြောသည်။
Miss Golden Land Myanmar Organization သည် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်များဖြစ်သည့် Miss Earth  Myanmar 2014 အိမွန်ခိုင်၊ Miss Supranational Myanmar 2014 ဟန်သီ၊ Miss Grand International Myanmar 2014 -  M  -ဂျာဆိုင်း၊ Miss Grand International Myanmar 2014 -  M အိန် ဂျယ်လ်လမုန်နှင့်    Face ofBeauty International Myanmar2014ဟယ်လင်မျိုးကိုတို့ကို ရွေးချယ်စေလွှတ်  ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top