Tuesday, October 28, 2014

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့ တောင်သူများ စပါးရိတ်သိမ်းရာတွင် ၀ိုင်းဝန်း လုပ်အားပေး
***********************************************************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း သည် ခရိုင်ကော်မတီဝင်များဖြစ်သည့် ဦးဘိုစံ၊ ဦးလွန်းသူ၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း၊ ဦးချမ်းမြ၊ဦးဝဏ္ဏအောင်မြင့်၊ ဦးကျော်ငြိမ်းအောင်၊ စည်းရုံးရေးမှူးများ၊ ပါတီလူငယ်များ၊ အလုပ်သမား၊ တောင်သူ လယ်သမား ကိုယ်စားလှယ် အင်အား (၃၀)ဦးတို့နှင့်အတူ အောက်တိုဘာ ၂၇ ရက်က ဖန်မင်ကျေးရွာအုပ်စု၊ ဟိုနား(အာခါ) ကျေး ရွာနေ တောင်သူ ဒေါ်ဂျိုးဇက်ဖင်း၏ တောင်ယာစပါးများ ရိတ်သိမ်းရာသို့သွားရောက်၍ တောင်သူမိသားစုနှင့်အတူ တောင်ယာ စပါးများ ရိတ်သိမ်းပေးခြင်း၊ ရိတ်သိမ်းပြီးသော စပါးပင်များကို ပုံပေးခြင်းများကို ၀ိုင်းဝန်းလုပ်အားပေး ဆောင်ရွက်ခဲ့ ကြသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ တောင်သူများ စပါးရိတ်သိမ်းရာတွင် ၀ိုင်းဝန်းလုပ်အားပေး ဆောင်ရွက်စဉ်

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းနှင့်အဖွဲ့သည် နံနက် (၁၀) နာရီမှ နေ့လည် (၁) နာရီအထိ လုပ်အားပေးဆောင် ရွက်ခဲ့ကြပြီး တောင်ယာ ပိုင်ရှင်မိသားစုမှ အမှတ်တရအဖြစ် တောင်ယာထွက် ဖယုံသီးများကို လက်ဆောင်ပေးအပ်ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှလည်း အမှတ်တရလက်ဆောင်များ ပြန် လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top