Tuesday, October 28, 2014

ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်တင်ရန် နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ကမ္ဘာ့ဘဏ်မှ အထောက်အပံ့များ ရရှိရန် ဆောင်ရွက်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အဆင့်မြှင့်တင်နိုင်ရန် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ အဖွဲ့အစည်းများနှင့် ကမ္ဘာ့ဘဏ်မှ ငွေကြေး အထောက်အပံ့များ ရရှိစေရန် ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ် နေကြောင်း သိရသည်။

အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၃၃၆ မိုင် ၃ ဖာလုံ ရှည်လျားပြီး ၂၅ ပေကျယ်ကာ ကွန်ကရစ်လမ်း ခင်းထားကြောင်း သိရသည်။ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အကျယ် ၂၅ ပေ ကွန်ကရစ်လမ်းပေါ်တွင် ကတ္တရာခင်းခြင်းကို ၃၃၆ မိုင် ၃ ဖာလုံအထိ ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျန်ရှိသော အပိုင်းများကို ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်ကာ ကတ္တရာ ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး အဆင့် မြှင့်တင်ရန် MOLIT-Koica ၊ JICA ၊ ADB နှင့် USAID စသော အဖွဲ့အစည်းများမှ ကျွမ်းကျင်သော နည်းပညာ၊ ငွေကြေး ထောက်ပံ့မှုများနှင့် အကူအညီများ ရရှိစေရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက် ခရီးသည်တင် ယာဉ်များသည် သတ်မှတ် စည်းကမ်းများ အတိုင်း မောင်းနှင်ရေးကို B-SMART ဆက်သွယ်ရေး စနစ်ဖြင့် ထိန်းသိမ်းနိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး အမြန်လမ်း ရဲတပ်ဖွဲ့များသည် လမ်းအသုံးပြုသူများကို အရှိန်နှုန်းတိုင်း ကိရိယာများဖြင့် တိုင်းတာ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top