အီဂျစ်နိုင်ငံရဲ့
အထင်ကရ Sphinx(စပင့်စ်)ရုပ်တု တည်ရှိရာ နေရာကို ကမ္ဘာလှည့် ခရီးသွားများ
လေ့လာကြည့်ရှုရန် မကြာမီ ဖွင့်လှစ်မည်
အီဂျစ်နိုင်ငံရဲ့ အထင်ကရ
Sphinx(စပင့်စ်)ရုပ်တု တည်ရှိရာနေရာကို ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေ ကြည့်ရှုနိုင်အောင် မကြာခင် ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း
အဲ့ဒီနေရာမှာ ပြုပြင်မွမ်းမံမှုတွေ လုပ်နေသည့် အတွက် ပိတ်ထားတာ
(၄)နှစ်နီးပါးရှိပြီလို့ အရာရှိများက ပြောကြားခဲ့သည်။

ခြင်္သေ့ကိုယ်၊
ယောက်ျားခေါင်းနဲ့ Sphinx (စပင့်စ်)ရုပ်တုကို ထုံးကျောက်နဲ့ ထွင်းထုထားကြောင်း
ကမ္ဘာပေါ်မှာ လာရောက်လည်ပတ်မှု အများဆုံး အထိမ်းအမှတ် နေရာတွေထဲက တစ်ခုဖြစ်ကြောင်း
လေထုညစ်ညမ်းမှုနဲ့ မြေအောက်ရေတို့ကြောင့် ပျက်စီး သွားပြီးနောက်ပိုင်း ပုံမှန်မွမ်းမံ
ပြင်ဆင်မှုတွေ လုပ်ထားရပါတယ်။ ရုပ်တုကို ကိုင်ရိုမြို့စွန် Giza(ဂီဇာ) ပိရမစ်တွေ
တည်ရှိရာကုန်းပြင်မြင့်ရဲ့ အောက်၊ ကျောက်ကျင်းထဲမှာ ထုလုပ်ထာပြီး၊ ဘယ်နေ့
ပြန်ဖွင့်မယ် ဆိုတာကိုတော့ မသတ်မှတ်ရသေးဘူးဟု ရုပ်တုထိန်းသိမ်းရေးကို ကြီးကြပ်တဲ့
Mohamed al-Saidi (မိုဟာမက် အယ်လ်ဆိုင်ဒီ)က ဆိုပါတယ်။ ရှေးဟောင်း သုတေသန ပညာရှင်တွေဟာ
စပင့်စ် တည်ဆောက် ရသည့် ရည်ရွယ်ချက် အတိအကျကို ခုချိန်ထိ ခေါင်းစားနေကြတုန်းပါပဲ။
အများစုကတော့ အဲ့ဒီရုပ်တုကို ဘာသာရေးနှင့် နက္ခတ္တဗေဒအတွက် ထုလုပ်ထားတာလို့
ယုံကြည်နေကြကြောင်း AFPက သတင်းပေးပို့ ထားပါ သည်။
No comments:
Post a Comment