Agni-II တာလတ်ပစ် ဒုံးကျည်တစ်စင်းအား အိန္ဒိယ
စမ်းသပ် ပစ်ခတ်
အိန္ဒိယနိုင်ငံသည်
နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ်ခတ်နိုင်သည့် တာလတ်ပစ် Agni-II
ဒုံးကျည် တစ်စင်းကို နိုဝင်ဘာ ၉ ရက်က အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်သည်ဟု
သိရသည်။
အကွာအဝေး
ကီလိုမီတာ ၂ဝဝဝ ကျော်ခန့်အထိ ပစ်ခတ်နိုင်သည့် Agni-II ဒုံးကျည်ကို အော်ဒစ်ရှာ ကမ်းရိုးတန်း
အလွန်ရှိ Whee- ler ကျွန်းဆွယ်မှ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၄ဝ ခန့်တွင်
စမ်းသပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများက
ပြောကြားခဲ့သည်။ Agni-II တာလတ်ပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို အထူးဖွဲ့စည်းထားသော
စစ်မဟာဗျူဟာ ဌာနချုပ်က စမ်းသပ် ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး ယင်းဒုံးကျည်များကို
စစ်မြေပြင် တွင် အသုံးပြုရန်အတွက် ကာကွယ်ရေးဌာနသို့ ပေးအပ် ခဲ့ပြီဖြစ်ကြောင်း ၎င်း
အရာရှိများက ထပ်လောင်း ပြောကြားခဲ့သည်။
အဆင့်နှစ်ဆင့်ပါ
Agni-II တာလတ်ပစ် ဒုံးကျည်တွင် အဆင့်မြင့် နည်းပညာသုံး
လမ်းကြောင်းပြစနစ်နှင့် လောင်စာခဲစနစ် သုံး ထိန်းချုပ်စနစ်တို့ ပါဝင်ပြီး
အလေးချိန်အားဖြင့် ၁၇ တန်ရှိကာ ဒုံးကျည်ထိပ်ဖူး တန်ချိန် ကီလိုမီတာ ၁ဝဝဝ ခန့်ကို
သယ် ဆောင်နိုင်ကြောင်း သိရသည်။ထို့ပြင် ၎င်းဒုံးကျည်များကို ASL နည်းပညာဖြင့်
ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment