Thursday, November 13, 2014

သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ နဂါးငွေ့တန်း ကြယ်စုကြီး၏ အပြင်ဘက်သို့ ကြယ်ပေါင်း တစ်ဝက်ခန့် ရောက်ရှိနေ

သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ  နဂါးငွေ့တန်းကြယ်စင်စုကြီးထဲမှ ကြယ်များ၏အရေအတွက် တစ်ဝက်ခန့်သည်ပင် နဂါးငွေ့တန်းကြီး၏အပြင်ဘက်သို့လွင့်စင်ပြီး စကြ၀ဠာအတွင်းတွင်ပျံ့နှံ့နေပြီး အလင်း တန်းများ ပျံ့နှံ့နေလျက် ရှိကြောင်းသိရှိရပါသည်။

သိပ္ပံမဂ္ဂဇင်းတွင် သိပ္ပံပညာရှင်များက ၎င်းတို့အနေဖြင့် စကြ၀ဠာအတွင်းရှိ အချို့ကြယ်များသည် မိခင်ကြယ် စင်စုများမှ ပဲ့ထွက်လာကြပြီး စကြ၀ဠာအတွင်းရှိ အမှာင်ဆုံးနေရာများသို့ ရောက်ရှိကုန်ကြသည်ကို သိရှိခဲ့ ရကြောင်းအစီရင်ခံခဲ့ပါသည်။
Greenbelt ရှိ NASA's Goddard Space Flight Center မှ အာကာသပညာရှင် Harvey Moseley က စကြ၀ဠာအတွင်းရှိ ကြယ်စင်အများစုသည် မိခင်နဂါးငွေံတန်းကြယ်စင်စုကြီးထဲတွင် တည်ရှိလိမ့်မည်ဟု ခန့်မှန်းရသော်လည်း လေ့လာတွေ့ရှိချက်အသစ်အရ ထိုကြယ်စင်အများစုသည် အာကာသဟင်းလင်းပြင်၏ အချို့ နေရာများတွင်ပုန်းအောင်းနေကြသည်ဟု ပြောကြာကြားခဲ့ ကြောင်းသိရှိရပါသည်။
ထိုသတင်း အချက်အလက်အသစ်သည် စကြ၀ဠာနှင့်ကြယ်စင်များအကြောင်းပိုမိုသိရှိအောင် လေ့လာ ရှာဖွေနေကြသည့် သိပ္ပံပညာရှင်များကို ကူညီနိုင်လိမ့်မည်ဟုလည်းသိရှိရပါသည်။ ထိုကဲ့သို့ ကြယ်များ နဂါးငွေ့တန်း အပြင်ဘက်သို့ လွင့်စင်မှုကြောင့် စကြ၀ဠာ၏အလင်းရောင်လျော့သွားသည်ကို သတိထားကြည့်နိုင် ကြကြောင်း လည်းသိရှိရပါသည်။



No comments:

Post a Comment

back to top