မြန်မာ့လက်ရွေးစင်အသင်း ကာတာခြေစမ်းခရီးစဉ်တွင် သရေကျ
အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ကာတာနိုင်ငံ ဒိုဟာမြို့တွင် စခန်းဝင် လေ့ကျင့် လျက်ရှိပြီး ယမန်နေ့ ညပိုင်းက ကာတာပထမတန်းကလပ် Al Kharitiyat အသင်းနှင့် ခြေစမ်းကစားခဲ့ရာ တစ်ဂိုးစီ သရေကျခဲ့သည်။
မြန်မာအသင်းကို သီဟစည်သူ၊ ဒေးဗစ်ဒန်း၊ ဝင်းမင်းထွန်း၊ ဇော်မင်းထွန်း၊ ခင်မောင်လွင်၊ ကြည်လင်း၊ မင်းမင်းသူ၊ ချစ်စုမိုး၊ နန္ဒလင်းကျော်ချစ်၊ ငြိမ်းချမ်းအောင်၊ ကျော်ဇေယျာဝင်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာ အသင်း ပထမပိုင်းတွင် ဂိုးပေးခဲ့ရသော်လည်း ၆၈ မိနစ်တွင် နောက်ခံလူဇော်မင်းထွန်းက ချေပဂိုး ပြန်သွင်း ခဲ့သည်။ မြန်မာအသင်းမှာ နိုဝင်ဘာ ၁၃ ရက်တွင်Al Kharitiyat အသင်းနှင့် ကစားမည်ဖြစ်သည်။
No comments:
Post a Comment