ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းအား အမေရိကန် ပြည်ထောင်စု၏
ပိတ်ဆို့ကန့်သတ် ခံရသူများစာရင်းတွင် ထည့်သွင်းကြောင်း သတင်းထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍
ပြည်ထောင်စု လွှတ်တော်၏ ထုတ်ပြန်ကြေညာချက်
၁။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန် သမ္မတ၏ အုပ်ချုပ်မှုအာဏကာ အီး၊
အို ၁၃၄၄၈ အရ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး
ရုံး၏ ပိတ်ဆိုပကန့်သတ်ခံရသူများစာရင်းတွင် ယခုနှစ် အောက်တိုဘာ ၃၁ ရက်မှ စ၍ ထည့်သွင်းလိုက်
ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။
၂။
ဦးအောင်သောင်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော် ဘဏ်များ နှင့်
ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ တာဝန်ထမ်းဆောင်နေသူ ဖြစ်သကဲ့သို့
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါသည်။
၃။
လက်ရှိကာလတွင် ပြည်ထောင်စုလွှတ်တော်နှင့် လွှတ်တော် အသီးသီးသည် နိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံ ဥပဒေနှင့်အညီ ဥပဒေပြုခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း လုပ်ငန်းစဉ်များကို
ဆောင်ရွက် နေသည့်နည်းတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်ပေါင်းစည်းရေး၊
ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကိုလည်း အထူးအလေးထားဆောင်ရွက်လျက်ရှိသော
အဖွဲ့အစည်းဖြစ်ပါသည်။
၎။ သို့ပါ၍ လွှတ်တော် အသီးသီးနှင့်
လွှတ်တော် ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ကိုလည်းကောင်း၊ လွှတ်တော်အသီးသီးက
အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသးပြန်လည်ပေါင်းစည်းရေး၊
ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်း စဉ်များ ကိုလည်းကောင်း တိုးတက်ကောင်းမွန်လျက်ရှိသည့်
အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေး ကိုလည်းကောင်း မလိုလားအပ်သော
ထိခိုက်မှုများ မဖြစ်ပေါ် စေရေးအတွက် ပြည်ထောင်စု လွှတ်တော်သည် အပိုဒ်(၁)ပါ သတင်းထုတ်ပြန်ချက်ကို
ကန့်ကွက် ပါကြောင်းနှင့် ဤကဲ့သို့ ဖြစ်ရပ်မျိုး ပေါ်ပေါက်စေရန် ဖန်တီးလုပ်ကိုင်သူများနှင့်
လုပ်ဆောင်မှုများကို ရှုတ်ချပါ ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။
No comments:
Post a Comment