အီဘိုလာ ရောဂါပိုးတိုက်ဖျက်ရန် ကျန်းမာရေး အမှုထမ်း ၁ဝဝဝ ခန့် တရုတ်စေလွှတ်မည်
တရုတ်အစိုးရသည် အနောက်အာဖရိက နိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော အီဘိုလာရောဂါပိုး တိုက်ဖျက်ရေး တွင် အထောက်အကူ ဖြစ်စေရန်အတွက်ကျန်းမာရေး အမှုထမ်းနှင့် ကျွမ်းကျင်ပညာရှင် ၁ဝဝဝ ခန့်ကို ၎င်းနိုင်ငံ များသို့ စေလွှတ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ကမ္ဘာ့အဆိုးရွားဆုံး ရောဂါတစ်မျိုးဖြစ်သည့် အီဘိုလာရောဂါပိုးတိုက်ဖျက်ရေးတွင် တရုတ်အစိုးရ၏ ကူညီမှုမှာ လုံလောက်မှုမရှိဟု ဝေဖန်ချက်များ ဖြစ်ပေါ်ခဲ့ ပြီးနောက် တရုတ်နိုင်ငံ၏ အဆိုပါအစီအစဉ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဥရောပနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုနှင့် ကျူးဘားနိုင်ငံများကလည်း ၎င်းနိုင်ငံများသို့ ကျန်းမာရေး အမှုထမ်းရာ ပေါင်းများ စွာစေလွှတ်ခဲ့ကြောင်း သိရသည်။ တရုတ်အစိုးရသည် အီဘိုလာရောဂါ ဖြစ်ပွားလျက်ရှိသော ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီယာရာ လီယွန်နိုင်ငံသုံးနိုင်ငံသို့ ယခင်က ကျန်းမာရေးအမှုထမ်း ၂၅၂ ဦး စေလွှတ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment