မကြာမီဖြန်ချီမည့် တေးအယ်လ်ဘမ်ထဲမှာ သီးချင်းသစ် တစ်ပုဒ်ကို One Direction အဖွဲ့ဖြန့်ချီ
လူငယ်ပရိသတ်များ အသည်းစွဲ One Direction အဖွဲ့သည် မကြာမီ ဖြန့်ချိမည့် FOUR တေးအယ်လ်ဘမ် အနက် တေးသီချင်းသစ် တစ်ပုဒ်ကို ပရိသတ်များ မျှော်လင့်မထားသည့် အချိန်တွင် ဖြန့်ချိခဲ့ကြောင်း သိရသည်။ ပရိသတ်များက One Direction အဖွဲ့၏ တေးသီချင်းသစ်များကို နားဆင်လိုကြောင်း လူမှုရေးဝက်ဘ်ဆိုက် များ ဖြစ်ကြ သည့် ဖေ့ဘွတ်ခ်ဝက်ဘ်ဆိုက်၊ Instagram ဝက်ဘ်ဆိုက်၊ တွစ်တာဝက်ဘ်ဆိုက်များနှင့် Tumblr ဝက်ဘ်ဆိုက်များတွင် တောင်း ဆို ခဲ့ကြပြီးနောက် ၎င်းအဖွဲ့က iTunes ဝက်ဘ်ဆိုက်၌ Ready to Run ဟု အမည်ပေးထားသော ကျေး လက်ပေါ့ပ် တေးသီချင်းသစ်ကို ဖြန့်ချိခဲ့ခြင်းဖြစ်သည်။
One Direction အဖွဲ့၏ တေးသီချင်းများကို တောင်းဆိုသူ ပရိသတ်မှာ ဖေ့ဘွတ်ခ်ဝက်ဘ်ဆိုက်တွင် ၄ဝဝဝဝ ရှိပြီး တွစ်တာ ဝက်ဘ်ဆိုက်တွင် ၄ဝဝဝဝ ရှိကာ Instagram ဝက်ဘ်ဆိုက်နှင့် Tumblr ဝက်ဘ်ဆိုက်တွင် တောင်းဆိုသူ ၄ဝဝဝ စီရှိကြောင်း သိရသည်။ Ready to Run တေးသီချင်းကို ပရိသတ်များ အကြိုက်တွေ့မည်ဟု မျှော်လင့်မိကြောင်း အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဟာရီစတိုင်လ်က တွစ်တာဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။
No comments:
Post a Comment