အာရှမော်ဒယ်ပွဲတော်မှာ လူစိတ်ဝင်စားခံရတဲ့ ထွန်းကိုကိုရဲ့ဝတ်စုံ
ကိုရီးယားနိုင်ငံတွင်ပြု လုပ်သည့် အာရှမော်ဒယ်ပွဲတော် သို့ ကချင်ရိုးရာမောင်းကွင်းများ ဖြင့်ဒီဇိုင်းထွင်ထားသည့်ဝတ်စုံ ဖြင့် မော်ဒယ်ထွန်းကိုကို တက်ရောက်ခဲ့ရာ ယင်းဝတ်စုံ ကို စိတ်ဝင် စားသူများခဲ့ကြောင်းပြောကြား သည်။
‘‘Asia Model Festival တက်ခဲ့တဲ့ဝတ်စုံက ဒီဇိုင်နာစည် သူချစ်ဖန်တီးပေးထားတာပါ။ စိတ်ကူးကလည်း သူ့စိတ်ကူးပါ ပဲ။ ပွဲမှာတော့ ဒီဝတ်စုံကို စိတ်ဝင် စားတဲ့လူများသလို မေးတဲ့လူတွေ လည်းများပါတယ်’’ဟု ထွန်းကိုကို ကပြောသည်။
ယင်းပွဲတွင် ဆုရရှိသူများကို ဆုချီးမြှင့်ခဲ့ရသလို မိုးစက်ဝိုင်နှင့် အမှတ်တရစကား ပြောကြားခဲ့ရကြောင်း ၎င်းကဆိုသည်။
KMA(Korea Model Asso- ciation)၏ အဖွဲ့ဝင်မော်ဒယ်များ ဖြစ်ကြသော ထွန်းကိုကို၊ ဇွန်သံ စဉ်၊ ဟန်သီ၊ ခင်လပြည့်ဇော်တို့ သည် ကိုရီးယားနိုင်ငံဘက်မှဖိတ် ကြားမှုကြောင့် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိကျင်းပသော Asia Beauty Festival သို့တက်ရောက် ခဲ့ခြင်းဖြစ်သည်။

No comments:
Post a Comment