Monday, November 10, 2014

၂ဝ၁၆ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရေးနှင့် စပ်လျဉ်း၍ စိတ်ယိမ်းယိုင်လျက်ရှိဟု ဂျွန်မက်ကိန်း ပြောကြား






၂ဝ၁၆ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟုတ်၊ မဟုတ်နှင့်ပတ်သက်၍ မိမိအနေဖြင့် စိတ်ယိမ်းယိုင် လျက်ရှိကြောင်းနိုဝင်ဘာ ၈ ရက်တွင်   ရီပတ်ပလီကန်ပါတီမှ  အထက်လွှတ်တော် အမတ်ဂျွန်မက်ကိန်းက ပြောကြား သည်။

၂ဝ၁၆ ရွေးကောက်ပွဲ၌ မိမိအနေဖြင့် ပါဝင်ယှဉ်ပြိုင်သင့်သည်၊ မယှဉ်ပြိုင်သင့်သည်ဟူသော အဆိုတင်သွင်း ချက်များနှင့် ပတ်သက်၍  စိတ်ရှုပ်ထွေးလျက်ရှိကြောင်း ၎င်းကို ထောက်ခံသည့် အဖွဲ့တစ်ဖွဲ့နှင့် ဆွေးနွေးမှုများပြု လုပ်ပြီး နောက်တွင်   မက်ကိန်းက ပြောကြားသည်။ အမေရိကန်ပြည်ထောင်စု၏ သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲတွင် လွှတ်တော် အမတ်နေရာ အများစု ကိုရရှိခဲ့သည့် မက်ကိန်းသည် အထက်လွှတ်တော်၌ အာဏာရှိသည့် လက်နက်ကိုင်အဖွဲ့ဆိုင်ရာ ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်လာနိုင်ဖွယ်ရှိပြီး လက်နက်ကိုင်အဖွဲ့ ကော်မတီ၏ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါက လွှတ်တော်တွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။
မက်ကိန်းသည်  အီရတ်နိုင်ငံတွင်းမှ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေး၊ အီရန်နိုင်ငံနှင့် သံတမန် ဆက်ဆံရေးနှင့် ဆီးရီးယားနိုင်ငံတွင်းရှိ စစ်သွေးကြွများ အရေးနှင့် ယူကရိန်းနိုင်ငံသို့ လက်နက်များ ထောက်ပံ့ပေးနေမှုစသည့် အိုဘားမား အစိုးရ၏  နိုင်ငံခြားရေးရာ မူဝါဒများအပေါ် မကြာခဏ ဝေဖန်တတ်သူ ဖြစ်ကြောင်း သိရသည်။



No comments:

Post a Comment

back to top