Monday, November 17, 2014

ပိုဒေါ့စကီးကို ရောင်းထုတ်သွားမည် မဟုတ်ကြောင်း အာစင်ဝင်းဂါး ပြောကြား

အာဆင်နယ် အသင်းသည် ရှေ့တန်း ကစားသမား  လူးကက်စ်ပိုဒေါ့စကီးကို ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ရောင်းချ သွားမည် မဟုတ်ကြောင်း  ၎င်းအသင်းနည်းပြ အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။
အသက် ၂၉ နှစ် အရွယ်ရှိ ပိုဒေါ့စကီးသည် ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွင် ၄၆ မိနစ်မျှသာ ပါဝင် ကစားခဲ့ရပြီး ပွဲထွက်ခွင့် မရခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် အသင်း၌ ပျော်ရွှင်မှု မရှိကြောင်း သိရသည်။


သို့ရာတွင် အဆိုပါ ဂျာမနီ တိုက်စစ်မှူးသည် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု အခြေအနေ နည်းပါးသေးကြောင်း၊ ဒီဇင်ဘာလတွင် အသင်းမှ ထွက်ခွာမည့် သတင်းများမှာ မှန်ကန်မှု မရှိကြောင်း၊ ၎င်းကို ခေါ်ယူမည့် ကမ်းလှမ်းမှုများလည်း မရှိကြောင်း နည်းပြ ဝင်းဂါးက beIN Sports သတင်းဌာနသို့ ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top