အာဆီယံတက္ကသိုလ်အားကစားပွဲအတွက် လက်ရွေးစင် ၂၀ဦး ရွေးချယ်ထား
၂၀၁၄ ဒီဇင်ဘာတွင် အင်ဒိုနီးရှားနိုင်ငံက
အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံ တက္ကသိုလ် အားကစား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်
မြန်မာနိုင်ငံ တက္ကသိုလ် လက်ရွေးစင်အသင်းမှာ အပြီးသတ် ကစားသမား ၂၀ဦးအား ရွေးချယ်ထားပြီး
စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သတင်းရရှိသည်။
အာဆီယံ တက္ကသိုလ်ပြိုင်ပွဲအား သုံးကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်မည့်
မြန်မာနိုင်ငံ တက္ကသိုလ် လက်ရွေး စင် အသင်းမှာ စက်တင်ဘာမှ စတင်ကာ ပဏာမကစားသမား
၂၈ဦးဖြင့် လေ့ကျင့်ခဲ့ပြီး နိုဝင်ဘာ ၁ရက်တွင် အပြီးသတ် လူစာရင်း
ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အပြီးသတ်မရွေးရသေးတဲ့ အချိန်ထိ ခြေစမ်းပွဲတွေဆက်
တိုက်ကစားခဲ့တယ်။ အခုအပြီး သတ်ရွေး ပြီးတော့ ခြေစမ်းပွဲထပ် မကစားရတော့ဘူး။
လာမယ့်ပြိုင် ပွဲမှာ ဗိုလ်လုပွဲအထိရောက်ဖို့အ တွက် မျှော်မှန်း ထားတယ်’’ဟု
တက္ကသိုလ် လက်ရွေးစင်အသင်း နည်းပြဦးမင်းဇော်ကပြောသည်။
အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံက
ကစားနည်းရှစ်မျိုးဝင်ရောက်ယှဉ် ပြိုင်သွား မည်ဖြစ်ပြီး ဘောလုံးပြိုင်ပွဲကို ၂၀၁၀မှ
စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ စတင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့်နှစ်တွင်
တတိယ ဆုရရှိခဲ့ပြီး ၂၀၁၂ ပြိုင်ပွဲတွင် ဆီမီးအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပြီး ယခုနှစ် တွင်
ဗိုလ် လုပွဲအထိ ရောက်ရှိ ရန်မျှော်မှန်း ထားကြောင်း ၎င်းကပြောသည်။
အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံက
၂၀၁၀ပြည့်နှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ရွှေတံဆိပ်ဆု တစ်ခုသာရရှိထားကြောင်း အဆိုပါ
ရွှေတံဆိပ်ကို အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲမှ
ရယူပေး ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ယခုနှစ် အင်ဒိုနီးရှားနိုင်ငံ တွင် ကျင်းပမည့် အာဆီယံတက္က သိုလ်များ
အားကစားပြိုင်ပွဲ၌ ဘောလုံး၊ ပိုက် ကျော်ခြင်း၊ ဘော် လီဘော၊ ရေကူး၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊
ကရာတေးဒိုနှင့် စစ်တုရင်အစရှိသည့် ကစားနည်းများ ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
No comments:
Post a Comment