Tuesday, October 28, 2014

ရှားတောမြို့နယ် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်ကျင်းပ
********************************************************
ကယားပြည်နယ် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ(၂၂) ရက် နံနက် (၉) နာရီအချိန် က တောင်ပိုင်း ကျေးရွာအုပ်စု၊ ဒေါဆော်ဘူးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှားတောမြို့နယ် ပါတီအတွင်းရေးမှူး ဦးစောပေါလူ တက်ရောက် အမှာစကားပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်ကော်မတီဝင် ဦးဦးလှထွန်းမှ ဖိုရမ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် မြို့နယ်ကော်မတီဝင်များနှင့် ကိုယ်စားလှယ်တော်များသည် ဖိုရမ်အလိုက် ဆွေးနွေး ခဲ့ကြသည်။
ရှားတောမြို့နယ် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်သို့ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ၊ ဒေါစော ဘူးရွာ၊ ဒေါဆိုဆကျေးရွာ၊ ဒေါကလဲအီကျေးရွာ၊ ဒေါတမကျေး ရွာ၊ ဒေါဘိုးလို ကျေးရွာတို့မှ ကိုယ်စားလှယ် အင်အား စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
စောပေါလူ (ရှားတော)

No comments:

Post a Comment

back to top