Monday, October 27, 2014

MBC ရုပ်သံမှ ရိုက်ကူးသော တစ်ခန်းရပ် ဒရမ်မာ ဇာတ်ကားတွင် KARA အဖွဲ့မှ ဆောင်ယွန်း ပါဝင် သရုပ်ဆောင်မည်


တောင်ကိုရီးယား နိုင်ငံမှ နာမည်ကြီး အဆိုအဖွဲ့ ဖြစ်သော KARA အဖွဲ့မှ အဆိုတော် ဆောင်ယွန်းသည် MBC ရုပ်သံမှ ရိုက်ကူးမည့် Drama Festival အစီအစဉ်တွင်   ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ဆောင်ယွန်းသည် Guitar and Hot Ports တစ်ခန်းရပ် ဒရမ်မာ ဇာတ်ကား၌ ပါဝင်သရုပ် ဆောင်သွားမည် ဖြစ်ကြောင်း MBC ရုပ်သံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ဇာတ်ကားအတွက် ဇာတ်ညွှန်းကို ဖတ်ရှုပြီး ဖြစ်ကြောင်း လာမည့် ရက်သတ္တပတ် အတွင်း စတင်ရိုက်ကူး သွားမည် ဖြစ်ပြီး ယင်းဇာတ်ကား၌ ဆောင်ယွန်းသည် နာမည်ကြီး အဆိုအဖွဲ့မှ အဆိုတော် တစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဆောင်ယွန်းသည် Jang Bori is Here  ဇာတ်ကား၌ ပါဝင် သရုပ်ဆောင် ထားပြီး ယင်းဇာတ်ကားမှ ဆောင်ယွန်း၏ ဇာတ်ကောင် ဂါအယ်သည် ပရိသတ် အားပေး မှုကို အခိုင်အမာ ရရှိထားကြောင်း သိရသည်။

No comments:

Post a Comment

back to top