Wednesday, October 22, 2014

ဂျပန်ပြည်တွင်းမှာ ထုတ်လုပ်ခဲ့တဲ့ ပထမဆုံးဂျက်လေယာဉ်




မီဆူဘီရှီကုမ္ပဏီဟာ ဂျပန်ပြည်တွင်းမှာ ထုတ်လုပ်တာဖြစ်တဲ့ ပထမဆုံးဂျက်လေယာဉ်ကို ပြသနိုင်ခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ နီးပါးအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဂျပန်ပြည်တွင်းမှာ ထုတ်လုပ်ခဲ့တဲ့ ခရီးသည်တင် လေယာဉ်ကို မီဆူဘီရှီက စနေနေ့မှာ ပြသခဲ့ပါသည်။
မီဆူဘီရှီ ရီဂျင်နယ်ဂျက် (Mitsubishi Regional Jet) MRJ လို့ခေါ်တဲ့ ဒီလေယာဉ်ကို မီဆူဘီရှီလေကြောင်း ကော်ပိုရေး ရှင်းလုပ်ငန်း ခွဲကနေ ဆောက်လုပ်ခဲ့တာဖြစ်ပြီး တိုယိုယာမာမြို့မှာ အခမ်းအနားနဲ့  ဖွင့်လှစ်ပြသ ခဲ့သည်။ အဲဒီလေယာဉ်ဟာ ၃၅.၈ မီတာ အရှည်ရှိပြီး ခရီးသည် ၇၈ ယောက်ကနေ ၉၂ ယောက်ထိ လိုက်ပါ စီးနင်းနိုင်မှာဖြစ်သည်။
မီဆူဘီရှီက ဂျက်လေယာဉ်ကို ခရီးတိုအတွက် ရည်ရွယ်ရေးဆွဲခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာ လိုလားမှု များပြား လာသည့် မော်ဒယ်မျိုးဖြစ်သည်။ သူ၏ ပထမဆုံးခရီးစဉ်ကို (၂၀၁၇) ခုနှစ် ဧပြီလမှာ အောလ်နစ်ပွန် အဲဝေးလ် All Nippon Airways  မှာ စတင်ပြေး ဆွဲသွားမှာဖြစ်ပြီး မီဆူဘီရှီကုမ္ပဏီဟာ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေ ဆီကနေ လေယာဉ်အစင်းလေးရာခန့် အမှာစာလက်ခံရရှိခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

back to top