စွန့်လွှတ်မှာမဟုတ်ဘူးဆိုတဲ့ ချစ်သုဝေ
ဂီတ လိုင်းဘက်တွင် သာမက သရုပ်ဆောင် ပိုင်းတွင်လည်း အနုပညာ အား ကောင်းလာသည့် ချစ်သုဝေက ဂီတ လိုင်းဘက်ကနေ သရုပ်ဆောင် လိုင်းဘက်ကို ကူးပြောင်း ခဲ့ရာတွင် မယုံကြည်မှုများ နှင့် ကြုံတွေ့ခဲ့ ရသော်လည်း အနုပညာ အလုပ်ကို ဘယ်တော့မှ စွန့်လွှတ်မည် မဟုတ်ကြောင်း ပြောသည်။ ““ထရီဇာက သရုပ်ဆောင် အလုပ်ကို စလုပ်တုန်းက အဆိုတော် ဘက်ကနေ ကူးလာတာ ဆိုတော့ အနည်းနဲ့ အများ ထရီဇာကို မယုံကြည်ကြတာ ရှိခဲ့တယ်ပေါ့။
ဒါပေမဲ့လည်း ထရီဇာက သရုပ်ဆောင် မှုအလုပ်နဲ့ ပတ်သက်လို့ အလေးထားမှု ကြိုးစားမှုကို ဘယ်တော့မှ အားမလျှော့ခဲ့ဘူး။ အမြဲတမ်း အချိန်နဲ့ အမျှ အလေးထားတယ်။ အဲဒီတော့ ထရီဇာ အိမ်ထောင်ကျပြီးပဲ ဖြစ်ဖြစ် မကျပြီးပဲ ဖြစ်ဖြစ် ကြိုးစားမှုကို မကွာသွားဘူး ဆိုတာကလည်း ထရီဇာ ရပ်တည်နေတဲ့ Image ၊ ပြီးတော့ ထရီဇာရဲ့ အလုပ် အပေါ်ထားတဲ့ Respect ၊ ထရီဇာ ပရိသတ်တွေ ချစ်တဲ့ အချစ်တွေက စစ်မှန်တယ်လို့ ယုံကြည်ပါတယ်။ အခုချိန်မှာ အနုပညာ အလုပ်တွေကို စွန့်လွှတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ပေါ့နော်။ ကိုယ်ချစ်လို့ လျှောက်လှမ်းခဲ့တာ ဆိုတော့လေ။
ထရီဇာတို့ အနုပညာ သမားတွေက ပရိသတ်ရှိမှ ရပ်တည်လို့ ရတာဖြစ်လို့ မပြောင်းမလဲ ရှိနေတဲ့ ပရိသတ်ကို ကျေးဇူး တင်ရမှာပေါ့။ ထရီဇာက အမြဲတမ်း Respect ကိုယုံတယ်။ အမြဲတမ်း ပရိသတ်တွေ အပေါ် စေတနာ ထားတယ်။ စေတနာ အပြည့်အ၀နဲ့ ကြိုးစားမှု၊ ရိုးသားမှု ရှိတယ်။ ထရီဇာ အဲဒါတွေကို ဖမ်းဆုပ် ထားနိုင်မယ် လို့လည်း ထရီဇာ ယုံကြည်ပါတယ်”” ဟု ချစ်သုဝေက ပြောသည်။
ချစ်သုဝေသည် လက်ရှိတွင် ဗီဒီယို ဇာတ်ကားများ ရိုက်ကူးနေပြီး ပြည်ပ တွင်လည်း ကြော်ငြာ ရိုက်ကူးရန် ရှိကြောင်း သိရသည်။

No comments:
Post a Comment