ဒဂုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ဘူဆန် တက္ကသိုလ်ပညာသင်ဆု စာမေးပွဲ ၀င်ရောက် ဖြေဆိုနိုင်
ဒဂုံတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ ကိုရီးယား နိုင်ငံ ဘူဆန်တက္ကသိုလ်တွင် စာ သင်နှစ် တစ်နှစ်ကြာ သွားရောက် သင်ကြားခွင့် ရရှိမည့် ပညာသင်ဆုအရည်အချင်းစစ်စာမေးပွဲကို အောက်တိုဘာ ၁၇ ရက် နံနက် တွင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ဘူဆန်တက္ကသိုလ်ပညာ သင်ဆု အရည်အချင်းစစ်စာမေး ပွဲကို ဒုတိယနှစ်နှင့် အထက် တက်ရောက် နေသည့် ပုံမှန်နေ့တက် ကျောင်းသူ၊ ကျောင်းသားများသာဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲတွင် အင်္ဂလိပ် ဘာသာကို ဖြေဆိုရမည်ဖြစ်ကာ အောင်မြင် ပါက လူတွေ့အင်တာဗျူး ဆက်လက် ဖြေဆိုရမည် ဖြစ်သည်။
ဘူဆန်တက္ကသိုလ်ပညာသင် ဆုကို ကျောင်းသူကျောင်းသား နှစ်ဦးအား ပေးအပ်ချီးမြှင့်သွား မည်ဖြစ်ပြီး ဘူဆန်တက္ကသိုလ်သို့ Semester နှစ်ခုသွားရောက်ပညာ သင်ကြားရမည်ဖြစ်ကာ ပညာသင်ကြားပြီးပါ က ဒဂုံတက္ကသိုလ်တွင် ဆက်လက်တက်ရောက်ရ မည်ဖြစ်သည်။
အဆိုပါစာမေးပွဲသို့ ၀င် ရောက်ဖြေဆိုလိုသည့် ကျောင်း သူ၊ ကျောင်းသားများအနေဖြင့် အောက်တိုဘာ ၁၇ ရက် နံနက်၉ နာရီတွင် ဒဂုံတက္ကသိုလ်ကျောင်း သားရေးရာဌာနရှိ ဌာနမှူးသင် တန်းရေးရာအခန်းသို့ သွားရောက် သတင်းပို့ရမည်ဖြစ်ပြီး နောက်ကျပါက ဖြေဆိုခွင့်ရရှိမည်မဟုတ်ကြောင်း ဒဂုံတက္ကသိုလ်မှ သိရ သည်။
အရည်အချင်းစစ်စာမေးပွဲ ကို ဖြေဆိုအောင်မြင်ပြီး၍ လူတွေ့ အင်တာဗျူးဆက်လက်ဖြေဆိုရ မည်ဖြစ်ကာ ၎င်းတို့ထဲမှ ခြောက်ဦးအား ရွေးချယ်သွားမည်ဖြစ်ပြီး အဆိုပါ ကျောင်းသားများက ဘူဆန်တက္ကသိုလ်တွင် သွားရောက်ပညာသင်ကြားခွင့်ကို Online မှတစ်ဆင့် ဆက်လက်လျှောက်ရမည်ဖြစ်သည်။ လျှောက်ထား သည့် ခြောက်ဦးထဲမှနှစ်ဦးကို ဘူဆန်တက္ကသိုလ်က ရွေးချယ်သွား မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment