Wednesday, October 15, 2014

မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း အတွက် ပြည်ပမှ သင်္ဘောများ ထပ်မံ ဝယ်ယူမည်

ဒေသတွင်း အာဆီယံ စီးပွာရေး အသိုက်အ၀န်း (AEC) ကို စတင် ဆောင်ရွက်သည့် အခါ မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများ အကြားတွင် ရေလမ်း၊ ကုန်လမ်းနှင့် လေကြောင်းလမ်းတို့မှ တစ်ဆင့် ကုန်စည်များ ပို့ဆောင်ကြရာတွင် ပိုမို မြန်ဆန်မှုများ ရရှိလာစေရန် သက်ဆိုင်ရာ ဌာနများမှ အစီအစဉ်များ ချမှတ် ဆောင်ရွက်လျက် ရှိရာ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှလည်း ကုန်စည်များ ပို့ဆောင်ရာတွင် အသုံးပြု နိုင်ရန် ပြည်ပမှ သင်္ဘောသုံးစင်း ထပ်မံ ၀ယ်ဝူ ဖြည့်တင်းရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း၌ ကမ်းရိုးတန်းသွား သဘောင်္ သုံးစင်းနှင့် ပင်လယ်ကူး သဘောင်္ ၁၉ စင်း စုစုပေါင်း သဘောင်္ ၂၂ စင်း ရှိသည်။ နောက်ထပ် သဘောင်္ သုံးစင်း ဝယ်ယူဖြည့်တင်းရန် စီစဉ်ရခြင်းမှာ AEC ထူထောင်ရန် မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများ အကြား စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ကဏ္ဍများတွင် ကန့်သတ် ထားခြင်းများကို အတိုင်းအတာ တစ်ခုအထိ အပြန်အလှန် ဖြေလျှော့ ပေးပြီး နောက်ပိုင်းတွင် ကုန်စည် စီးဆင်းမှု ပိုမို များပြားလာနိုင်သည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံ၌ ပို့ကုန်သွင်းကုန် လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ကုန်သွယ်ဖက် နိုင်ငံများ ထပ်မံ ပေါ်ပေါက် လာနိုင်သည့် အတွက် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်ပြီး ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံများ သို့လည်း ရေကြောင်းလမ်းဖြင့် ကုန်စည် သစ်များ တင်ပို့နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ မြန်မာ့ ကြယ်ငါးပွင့် သဘောင်္လုပ်ငန်းသည် ၂၀၁၀ ပြည့်နှစ်တွင် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့ပြီး နောက်ပိုင်းတွင် ၀န်ထမ်းများအား နိုင်ငံခြား သင်္ဘောကုမ္ပဏီများမှ လစာနှုန်းထားများ အတိုင်း သတ်မှတ်ပေးထားပြီး ထို ရေကြောင်းလမ်းတွင် တာဝန်ထမ်းဆောင်ရန် လာရောက် လျှောက်ထား သော သင်္ဘောသားများအား မြန်မာနိုင်ငံ ရေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အညီ စစ်ဆေး စမ်းသတ်မှုများ ပြုလုပ်ပြီးမှ ခန့်အပ်လေ့ ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top