(၄၅)ကြိမ်မြောက် ကမ္ဘာ့ ချန်ပီယံရှစ် ကျွမ်းဘားအလှပြ ချန်ပီယံဆု တရုတ် အမျိုးသား အသင်း ဆွတ်ခူး

တရုတ်အမျိုးသား ကျွမ်းဘားအလှပြ အသင်းသည် တရုတ်နိုင်ငံ နန်းနင်းမြို့၌ ကျင်းပခဲ့သော (၄၅) ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံ ရှစ် ကျွမ်းဘား အလှပြ ဗိုလ်လု ပွဲစဉ်တွင် အမျိုးသား ကျွမ်းဘား အလှပြ ချန်ပီယံ ရွှေတံဆိပ်ဆု ဆွတ်ခူး ရရှိသွားကြောင်း သိရသည်။ တရုတ် အသင်းသည် လွန်ခဲ့သည့် သီတင်းပတ် အကုန်က ကျင်းပခဲ့သော အဆိုပါ ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူး ရရှိသွားသော ဂျပန်အသင်းထက် သုည ဒသမ ၁ မှတ် အကွာဖြင့် ရမှတ်ပေါင်း ၂၇၃ ဒသမ ၃၆၉ မှတ်ဖြင့် ရွှေတံဆိပ် ဆုကို ဆွတ်ခူး ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းဗိုလ်လု ပွဲစဉ်တွင် တရုတ်အသင်း ကျွမ်းဘား အလှပြ ကစားသမား ကျောင်ချန်လုံသည် ဘားတန်း အလှပြပြိုင်ပွဲတွင် ဆန်းသစ်လှပသော ပြကွက်များဖြင့် အသင်းအတွက် ရမှတ်ပေါင်း ၁၅ ဒသမ ၉၆၆ မှတ် ကို ရယူပေးနိုင်ခဲ့သည်။ ယင်းသို့ ယှဉ်ပြိုင် စဉ်တွင် အခက်အခဲ များစွာ ရှိခဲ့သော်လည်း ၄င်းအခက်အခဲများ အတွက် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင် ခဲ့သည့်အတွက် အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကျောင်က ပြောကြားခဲ့သည်။ ယင်းပြိုင်ပွဲတွင် အမေရိကန် ပြည်ထောင်စု အမျိုးသား ကျွမ်းဘား အလှပြ အသင်းက ရမှတ် ၂၇ဝ ဒသမ ၃၆၉ မှတ်ဖြင့် ကြေးတံဆိပ်ဆုကို ဆွတ်ခူး ရရှိခဲ့သည်ဟု သိရသည်။
No comments:
Post a Comment